နိုင်ငံခြားမှာ ချစ်ဇနီးလေးနဲ့ ပျော်ရွှင်စွာ ဟန်းနီးမွန်းထွက်နေတဲ့ Lee Seung Gi

//s9.kh1.co/71/71279cf70be7d61c270842fbead7a72789e75501.jpeg
အနုပညာရှင်များ

 ၁၃-ပြီ-၂၀၂၃ ၇am · လွန်ခဲ့သော ၃ နှစ် က

ဟန်းနီးမွန်းမသွားဘူးဆိုပြီး စင်ကာပူနိုင်ငံကို ရောက်နေကြပြီ ??

ကြင်စဦးဇနီးမောင်နှံတွေဖြစ်ကြတဲ့ Lee Seung Gi တို့ကတော့ လက်ရှိမှာ အလုပ်ကိုယ်စီရှုပ်နေကြတာမို့ မင်္ဂလာဆောင်ပြီးရင် ဟန်းနီးမွန်းသွားဖို့ အစီအစဉ်မရှိဘူးလို့ ကြေညာထားတာဖြစ်ပါတယ်.. 

https://s9.kh1.co/__image/w=650,h=789,q=100/4e/4e0269832b9ebf0b4db58c37293fd108e25bad29.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/26/264ca8ae20d14da45f278069f4e32f99374bf65e.jpeg

 ဒါပေမယ့် 2023 ခုနှစ် ဧပြီလ 11 ရက်နေ့မှာ SPOTV News ရဲ့အဆိုအရ သူတို့စုံတွဲက စင်ကာပူကိုအတူတူသွားခဲ့ကြပါတယ်.. တခြားသော မီဒီယာတွေရဲ့ပြောကြားချက်အရ  သူတို့နှစ်ဦးက ဟန်းနီးမွန်းအတွက်မဟုတ်ဘဲ အလုပ်ကြောင့် စင်ကာပူကို ရောက်လာခဲ့တယ်လို့ ဆိုထားပါတယ်... 

https://s9.kh1.co/__image/w=640,h=800,q=100/65/6514c82c1efb2331dbb410dd8a1d9b391d16336b.jpeg
https://s9.kh1.co/__image/w=620,h=412,q=100/51/513b3a370c035a641467131a8ed17f0c98192a3a.jpeg

 Lee Seung Gi နဲ့ Lee Da In တို့ဟာ အလုပ်အချိန်ဇယားကြောင့် သူတို့ရဲ့ ဟန်းနီးမွန်းခရီးကို ဖျက်သိမ်းလိုက်ကြောင်း နှစ်ယောက်လုံးရဲ့ agency က အတည်ပြုထားပါတယ်.. အိမ်ထောင်ကျပြီးပြီးချင်းအလုပ်ပြန်လုပ်ရတာကြောင့် လောလောဆယ်မှာ သူတို့ဇနီးမောင်နှံက အရမ်းအလုပ်များနေတယ်လို့ဆိုပါတယ်... 

https://s9.kh1.co/__image/w=620,h=915,q=100/0c/0caebca5e997ca102173b52bdd444f8a427a6982.jpeg

Photo Credit & Source : KBIZoom 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T