တောင်ကိုရီးယားမင်းသား Lee Jong Suk ဟာဆိုရင် ချစ်ရသူလေး IU နဲ့ လက်ထပ်တော့မယ်ဆိုတဲ့ အကြောင်းကိုအရိပ်အမြွတ် ကြေညာခဲ့ပါတယ်။

ဧပြီလ ၉ ရက်နေ့မှာ Lee Jong Suk က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အချိန်ကျလာပါပြီဆိုတဲ့ စာသားလေးကို တင်ခဲ့ပါတယ်။ အဆိုပါစာသားက ချက်ချင်းဆိုသလို ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီး Likes ၂.၇ သန်း နဲ့ Comment ၂၂.၄ ထောင်ကျော်အထိ ရရှိခဲ့ပါတယ်။ ပရိသတ်တွေအများစုကတော့ Lee Jong Suk နဲ့ IU တို့ မင်္ဂလာသတင်းကြေညာတော့မယ်လို့ ဆိုခဲ့ကြပါတယ်။

အချို့ comment တွေထဲမှာလည်း လက်ထပ်တော့မှာလား bro ၊ IU ကို လက်ထပ်ခွင့်တောင်းဖို့ အချိန်ကျနေပြီ။နောက်ထပ် မင်္ဂလာဆောင်တစ်ခု ဖြစ်လာတော့မယ် စတဲ့ မှတ်ချက်တွေ ပေးထားကြပါတယ်။

လက်ရှိမှာဆိုရင် ပရိသတ်တွေအားလုံးက Lee Jong Suk နဲ့ IU တို့ လက်ထပ်တော့မှာလားဆိုပြီး စိတ်ဝင်စားနေကြပါတယ်။
Lee Jong Suk ဟာဆိုရင်ငယ်ရွယ်နေတဲ့အချိန်မှာ လက်ထပ်ချင်တဲ့သူဖြစ်တာကြောင့် အခုလိုမျိုး ခပ်မြန်မြန်လေး ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်လို့လည်း ဆိုထားကြပါတယ်။