ONE Direction အဖွဲ့ဝင်ဖြစ်တဲ့ Zayn Malik ဟာ မကြာသေးခင်က Record Studio တစ်ခုမှာ ရိုက်ထားတဲ့ပုံကို သူ့ရဲ့ Official Social Media အကောင့်တွေမှာ ချပြခဲ့ပါတယ်။

ဒီပုံမှာ သူ့ရဲ့ ဆံပင်ပုံစံအသစ်ကိုချပြခဲ့တာမဟုတ်ဘဲ သူ့ရဲ့ Album အသစ်အတွက်ပြင်ဆင်နေပြီဖြစ်ကြောင်း ထုတ်ပြတာလည်းဖြစ်နိုင်ပါတယ်။ Zayn ဟာ One Direction အဖွဲ့မှ ၂၀၁၅ မှာ နှုတ်ထွက်ခဲ့ပြီး တစ်ကိုယ်တော်သီချင်းတွေကိုထုတ်ဝေခဲ့ပါတယ်။ Sia နဲ့ သီဆိုထားတဲ့ 'Dusk till down' သီချင်းဟာ ဝက်ဝက်ကွဲအောင်မြင်ခဲ့သလို ပရိသတ်ကြီးလည်း ဒီသီချင်းကို အတော်နှစ်သက်မှာပါ။

ခုတလော Zayn ဟာ Selena Gomez နဲ့ dating သတင်းတွေထွက်နေပါတယ်။ သူတို့ဆက်ဆံရေးက ဘယ်လိုဖြစ်ဖြစ် Zayn ရဲ့ Album အသစ်ကို အရမ်းကိုမျှော်နေပါပြီ။





