အကောင်းဆုံးကြိုးစားခဲ့ပေမယ့် အသိအမှတ်ပြုခြင်း မခံခဲ့ရတဲ့ Song Joong Ki

//s9.kh1.co/be/be97f8b89630bc8546120b0fdecdcdcb3fed4f69.jpg
အနုပညာရှင်များ

 ၀၇-ပြီ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

Song Joong Ki ဟာ ပရိသတ်တွေကြိုတင်မှန်းဆထားသလို မဖြစ်ခဲ့ပဲ......

မကြာသေးခင်က တောင်ကိုရီးယားနာမည်ကြီး မင်းသား Song Joong Ki အတွက် စိတ်မကောင်းစရာ အရာတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ဒါကတော့ Song Joong Ki ဟာ 2023  Baeksang အတွက် ဆန်ခါတင်စာရင်းမှာ မပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=273,q=100/95/95a7b6220b71bf2a1b2b4dd7adf1220b03afb739.webp

မကြာသေးမီက ကိုရီးယားနိုင်ငံ၏ ဂုဏ်သိက္ခာအရှိဆုံး ဆုပေးပွဲတွေထဲက တစ်ခုဖြစ်တဲ့ (၅၉) ကြိမ်မြောက် Baeksang Arts Awards ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီး သက်ဆိုင်ရာဆုတွေအတွက် ပါဝင်တဲ့သူတွေကို ဆန်ခါတင်ရွေးချယ်ပြီးပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/da/da45baad405f3e047f65930593adbd4c1176f1bc.jpg

ထိုထဲမှာ အရင်နှစ်က နာမည်ကြီး လူကြိုက်များခဲ့တဲ့ Song Joong Ki ရဲ့ ဒရမ်မာ `` Reborn Rich ‘’ ဟာ အောင်မြင်မှုများစွာ ရရှိခဲ့ပေမယ့်  Song Joong Ki ကတော့ ဆန်ခါတင်စာရင်းမှာ မပါခဲ့တာကြောင့် ပရိသတ်ပြောစရာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=250,h=357,q=100/71/7169d02350a6bfc4aa34cd3cae6300b81ec5f88d.jpg

ဒီအကြောင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေတော်တော်များများက Song Joong Ki ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုမခံရတာကို စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ပရိသတ်အချို့ကတော့ “Reborn Rich” မှာ အဓိကဇာတ်ကောင်နှစ်ဦးရှိပြီး အခြားဇာတ်ဆောင်မင်းသား Lee Sung Min က ပိုကောင်းခဲ့တာကြောင့် ဒီရလဒ်ကို နားလည်ပေးခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=827,q=100/12/12144f56813dde728151b4b1fad5780d2ebcfe5d.jpg

Photos : Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T