ရည်းစားဟောင်းနဲ့ ပြန်တွဲနေတယ်ဆိုတဲ့ သတင်းတွေကို ပိုသေချာအောင် လုပ်လိုက်တဲ့ ဂျွန်စောမင်းသားကြီး

//s9.kh1.co/a6/a699e66e084329ae495b042326955f0e7c3d2d03.jpg
အနုပညာရှင်များ

 ၀၇-ပြီ-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

Song Seung Hun ဟာ မကြာသေးခင်က ရည်းစားဟောင်း Liu Yifei နဲ့ပြန်တွဲနေတယ်ဆိုတဲ့ သတင်းတွေကို....

တောင်ကိုရီးယားမင်းသားချောကြီး Song Seung Hun ဟာ ပရိသတ်တွေကို အချိန်ခဏလေးအတွင်းမှာ အံ့ဩစေခဲ့ပါတယ်။Song Seung Hun ဟာ မကြာသေးခင်က ခန္ဓာကိုယ်အလေးချိန် မတရားတက်လာတာကြောင့် အိုလာတယ်ဆိုတဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/05/0554e80bd43d65e3aff8dab424aa61b306128ca5.png

ဒါပေမယ့် ထိုဝေဖန်မှုတွေကို ခဏတာသာအချိန်ပေးခဲ့ပြီး လုံးဝပြောင်းလဲကာ နှုတ်ဆိတ်စေခဲ့ပါတယ်။Song Seung Hun ဟာ သူ့ရဲ့ ပရောဂျက်အသစ် ရိုက်ကူးဖို့ ထိုင်းနိုင်ငံကို မကြာသေးမီရက်ပိုင်းက ရောက်ရှိနေတာဖြစ်ပြီး Land of Smiles မှာရှိတဲ့ ပရိသတ်တွေက သူ့ကို နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။

//s9.kh1.co/76/76f63599eae9feb5a5c7612b5a60b407085a40d8.gif

Song Seung Hun ဟာ  ပရောဂျက်အသစ်မှာ သူ့ဇာတ်ကောင်နဲ့ လိုက်လျောညီထွေဖြစ်စေဖို့ ကိုယ်အလေးချိန်ကို လျင်မြန်စွာ လျှော့ချခဲ့ပြီး အလုပ်အပေါ် ကျွမ်းကျင်တဲ့ သူ့ရဲ့အတွေ့အကြုံကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကိုလည်း ရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=965,q=100/2f/2f5e2fa77667aff87a87fc90d42c732e22a03477.webp

တစ်ဖက်မှာလည်း မကြာသေးခင်က ချစ်သူဟောင်း Liu Yife နဲ့ ပြန်တွဲနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အခုလို ပုံစံပြန်လည်ပြောင်းလဲသွားတယ်လို့ ပရိသတ်တချို့က ထင်ကြေးပေးခဲ့ကြပါတယ်။မင်းသားကြီးအနေနဲ့ ပိုပျော်ရွှင်လာတာကြောင့် အခုလိုပြောင်းလဲနိုင်တာလို့လည်း ပရိသတ်တွေက မှတ်ယူနေကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=1045,q=100/09/093c8e71caba16687d9d0820b13b4e97012b47d8.jpg

Photos : Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T