3 Idiots ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်အဖြစ် လူသိများကျော်ကြားတဲ့ Bollywood မင်းသားကြီး Aamir Khan ဟာ အက်ရှင်ဇာတ်ကားသစ်အတွက် ပြင်ဆင်နေတယ်လို့သိရပါတယ်။ အရင်နှစ်က နောက်ဆုံးထွက်ခဲ့တဲ့ Laal Singh Chaddha ရုပ်ရှင်ဟာ Box Office မှာ လူကြိုက်နည်းခဲ့လို့ အမြတ်အစွန်းအတွက် ရုန်းကန်ခဲ့ရပါတယ်။

သတင်းအရင်းတစ်ခုက " Aamir ဟာ အက်ရှင်ဇာတ်ဆောင်တွေမှာလည်းအရမ်းကောင်းပါတယ်။ Dhoom 3၊ Sarfarosh နှင့် Ghulam စတဲ့ ဇာတ်ကားတွေမှာ သူ့ရဲ့ပီပြင်တဲ့သရုပ်ဆောင်မှုတွေကို တွေ့နိုင်ပါတယ်။ ဒီရုပ်ရှင်တွေရိုက်ကူးပြီးနောက်ပိုင်း အက်ရှင်ဇာတ်ကားရိုက်ကူးမှုမှ ခဏရပ်တန့်ထားခဲ့ပေမယ့် သူ့ကိုစိတ်လှုပ်ရှားစေတဲ့ အက်ရှင်ဇာတ်ကားသစ်ရဲ့ ဇာတ်ညွှန်းကို စောင့်ကြည့်နေတယ်" လို့ ETimes မှာ ဖော်ပြထားပါတယ်။

"Aamir ဟာ Yash Raj Films နဲ့ Dhoom ရုပ်ရှင်ရဲ့ အပိုင်းသစ်အတွက် အပြန်အလှန်ပြောဆိုခဲ့တယ်" လို့လည်း သတင်းအရင်းမြစ်တစ်ခုက ဖော်ပြထားခဲ့ပါတယ်။ အရင်နှစ်က Aamir ဟာ စပိန်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Campeones ကို ရိုက်ကူးဖို့ ငြင်းဆန်ခဲ့ပါတယ်။ " Campeones ဟာ နှလုံးသားကို နွေးထွေးစေမယ့် ဇာတ်လမ်းတစ်ခုဖြစ်တယ်လို့ ရှင်းပြခဲ့ပေမယ့် သူအနားယူပြီး မိသားစုနဲ့ အချိန်ဖြုန်းချင်တဲ့အတွက် ပရောဂျက်ကနေ နုတ်ထွက်လိုက်ပါတယ်" လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Aamir က ပြောပြခဲ့ပါတယ်။
Dhoom ရုပ်ရှင်အပိုင်းသစ်မှာ ပြန်လည်ပါဝင်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်..။ Dhoom 3 ကလို သူ့ရဲ့ အမိုက်စားအက်ရှင်ပြကွက်တွေကို ထပ်မြင်ရဖို့ မျှော်လင့်နေပါတယ်..။





