တစ်ကမ္ဘာလုံးက ကိုရီးယားဒရမ်မာပရိသတ်တွေရဲ့ နှလုံးသားကို လှုပ်ကိုင်ခဲ့တဲ့ Boys Over Flowers ဟာ အခုအချိန်အထိ ဂန္တဝင်ဇာတ်လမ်းတွဲတစ်ခု အဖြစ်ရှိနေဆဲပဲ ဖြစ်ပါတယ်။ထိုဇာတ်လမ်းထဲက သရုပ်ဆောင်တွေဟာလည်း ဇာတ်လမ်းတွဲကို အဓိကကျော်ကြားဖို့ ကူညီခဲ့သူတွေလည်း ဖြစ်ပါတယ်။

အဓိကအားဖြင့် ထိုဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Gu Jun Pyo ကို ပိုသတိထားမိခဲ့ကြပြီး Boys Over Flowers ဆိုတာနဲ့ Gu Jun Pyo ကိုတန်းမြင်တဲ့အထိ သဘောကျခဲ့ကြတာ ဖြစ်ပါတယ်။Gu Jun Pyo အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Lee Min Ho ဟာလည်း ထိုအချိန်ကစပြီး ပရိသတ်အချစ်တော်မင်းသားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ထိုအကြောင်းနဲ့ ပက်သက်ပြီး ပရိသတ်တွေမသိသေးတဲ့ အရာတစ်ခုရှိခဲ့ပါသေးတယ်။ဒါကတော့ Gu Jun Pyo အဖြစ် သရုပ်ဆောင်ဖို့ Lee Min Ho ကို အရင်ကမ်းလှမ်းခဲ့တာ မဟုတ်ပဲ Super Junior အဖွဲ့ဝင်ဖြစ်တဲ့ Choi Si Won ကို Gu Jun Pyo အဖြစ် သရုပ်ဆောင်ဖို့ အရင်ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ထိုအချိန်က Choi Si Won ဟာ ကျော်ကြားနေတဲ့သူတစ်ယောက်ဖြစ်ပြီး အထက်တန်းစားမိသားစုနောက်ခံရှိတဲ့ Idol တစ်ယောက်လည်း ဖြစ်ပါတယ်။ဒါပေမယ့် Choi Si Won ဟာ Super Junior ကိုသာအာရုံစိုက်လိုတာကြောင့် ငြင်းပယ်ခဲ့ပြီး ထိုဇာတ်ကောင်အတွက် Lee Min Ho က တာဝန်ယူခဲ့ရတာ ဖြစ်ပါတယ်။

ထိုအဖြစ်အပျက်ဟာ Lee Min Ho ရဲ့ ဘဝကိုလည်း ပြောင်းလဲသွားစေခဲ့သလို ပရိသတ်တွေနှစ်သက်တဲ့ ဒရမ်မာအဖြစ်လည်း ရပ်တည်စေနိုင်ခဲ့တာ ဖြစ်ပါတယ်။Boys Over Flowers ထွက်လာချိန်မှာ ပရိသတ်တွေဟာ Choi Si Won လက်မခံခဲ့တာကို ကျေးဇူးတင်မိကြောင်း ပြောကြားခဲ့တဲ့အထိ Lee Min Ho ဟာ အောင်မြင်မှုရရှိခဲ့တာ ဖြစ်ပါတယ်။

Photos : Credit