ဖခင်ကြီးလို ချစ်ရတဲ့ပထွေးဖြစ်သူနဲ့ ပျော်စရာမွေးနေ့လေး ကျင်းပခဲ့တဲ့ Lisa

//s9.kh1.co/a8/a8ac3478e31c69d6d92cc4743f2d516e01e180b4.jpg
အနုပညာရှင်များ

 ၀၄-ပြီ-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

ချစ်ဖို့ကောင်းလိုက်တာ ..

BLACKPINK အဖွဲ့ဝင် Lisa ဟာဆိုရင် သူမရဲ့ ၂၆ နှစ်ပြည့်မွေးနေ့လေးကို ရင်းနှီးခင်မင်ရတဲ့  မိတ်ဆွေနဲ့ မိသားစုဝင် တွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Lisa က အခြားနှစ်တွေတုန်းက မွေးနေ့တွေလိုပဲ သူမရဲ့ မွေးနေ့ကို မွေးရပ်မြေ ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါမွေးနေ့ပွဲမှာ Lisa က ပထွေးဖြစ်သူနဲ့ မိခင်ကြီးတို့နဲ့အတူ ပျော်ရွှင်စွာနဲ့ရှိနေခဲ့ပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ ဆုတောင်းတွေကိုလည်း အများ အပြားရရှိခဲ့ပါတယ်။  

Google
Google
Google
Google

Lisa ရဲ့ မိခင်ကြီးက သမီးဖြစ်သူလေးရဲ့ မွေးနေ့ပါတီ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှပေးခဲ့တာကြောင့် ပျော်ရွှင်စရာကောင်းတဲ့ ပုံရိပ်လေးကို ပရိသတ်တွေက မြင်တွေ့ခဲ့ရပါတယ်။ Lisa ရဲ့ ပထွေးဖြစ်သူ စားဖိုမှူးကြီးဟာဆိုရင်လည်း ပထွေးတစ်ယောက်ဆိုတာထက်ပိုတဲ့ ကြင်နာ သဘောကောင်းလွန်းတဲ့သူဖြစ်ပါတယ်။

Google
Google
Google
Google
Google
Google

၂၆ နှစ်ပြည့်မွေးနေ့ကို ချစ်ရတဲ့ မိသားစုဝင်များ ၊ သူငယ်ချင်း အပေါင်းအပါများနဲ့ ပျော်ရွှင်စွာ အတူတူ ဖြတ်သန်းနေတဲ့ Lisa ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google
Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T