The Glory ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား Lee Do Hyun နဲ့ မင်းသမီး Lim Jiyeon တို့တွဲနေကြပြီဖြစ်တဲ့အကြောင်းကို မကြာသေးမီ အချိန်က ထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ Lee Do Hyun က အသက် ၂၇ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး Lim Jiyeon ကတော့ အသက် ၃၂ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဒါ ကြောင့်သူတို့နှစ်ဦးက ၅ နှစ်တိတိကွာကြပါတယ်။ အသက် ၅ နှစ်ကွာတဲ့ မနဲ့မောင်စုံတွဲလေးက တောင်ကိုရီးယားနိုင်ငံကြီးတစ်ခုလုံးကို ကိုင်လှုပ်ခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်သွားအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။



Lim Jiyeon က ရိုက်ကူးရေးလုပ်နေစဉ်မှာလည်း The Glory ထဲက လုပ်ဖော်ကိုင်ဖက် သရုပ်ဆောင်တွေ အားလုံးနဲ့ ရင်းရင်းနှီးနှီး တွဲဖက်ပြီး ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ထူးထူးခြားခြားဆိုသလို မောင်လေး Lee Do Hyun နဲ့တော့ တွဲပြီး ဓာတ်ပုံရိုက်ထားတာ မတွေ့ရပါဘူး။



ဒါ ကြောင့် ဓာတ်ပုံ အတူတွဲရိုက်မခံရတဲ့ Lee Do Hyun နဲ့ ပတ်သက်ပြီး ပရိသတ်တွေက မေးခွန်းထုတ်ထားခဲ့တာလေးတွေ ရှိပါတယ်။

အဲဒါလေးကတော့ မမ Lim Jiyeon ကို မောင်လေး Lee Do Hyun က အရင်ဆုံး သဘောကျခဲ့တာဖြစ်ပြီး မမ Lim Jiyeon ကတော့ Lee Do Hyun ကို အရမ်းချစ်မပြတတ်ဘူးလို့ ဆိုထားကြတာဖြစ်ပါတယ်။
