လေဆိပ်မှာ 'FLOWER' ကကွက်အတိုင်း ကပြခဲ့တဲ့ LISA နှင့် JISOO..

//s9.kh1.co/3e/3e76db02c537ee55a97a664f1d85fc9ad1b584fe.jpg
အနုပညာရှင်များ

 ၀၃-ပြီ-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

'FLOWER' ကို Lisa တော်တော်သဘောကျနေပြီ..

BLACKPINK-LISA ဟာ JISOO ရဲ့ 'FLOWER' MV ကို အတော်သဘောကျပုံရပါတယ်။ ဧပြီ ၂ ရက်က Incheon အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ FLOWER MV ထဲက အကအတိုင်း ကပြခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=589,h=696,q=100/c7/c7e6f82a0a804feba737421d1c00f53454bb356e.jpg

BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ဖျော်ဖြေပွဲအတွက် Las Vegas ကို ထွက်ခွာဖို့ပြင်ဆင်နေကြစဥ် Lisa နှင့် Jisoo တို့က ပရိသတ်တွေကို ကပြပေးခဲ့တာဖြစ်ပါတယ်။ Lisa က FLOWER MV ထဲကအတိုင်း အရင်ကပြခဲ့ပြီး Jisoo လည်း အတူတူပါဝင်ပေးခဲ့ပါတယ်။ ကပြလို့အပြီးမှာလည်း Lisa ဟာ Jisoo ကို ပွေ့ဖက်လိုက်ပါသေးတယ်။ Jisoo ရဲ့ တစ်ကိုယ်တော် Album အတွက် BLACKPINK အဖွဲ့သားတွေအားလုံးလည်း တော်တော်ပျော်နေကြပါတယ်။ သူတို့ရဲ့ ချစ်စရာအမူအရာနဲ့ ကကွက်လေးတွေကို BLINK လေးတွေ အတော်သဘောကျနေမှာပါ။ 

Jisoo ရဲ့ FLOWER MV ဟာ မတ် ၃၁ ရက်ကထွက်ရှိခဲ့ပြီး spotify မှာ တစ်ရက်အတွင်းနားထောင်သူအများဆုံးအဖြစ် အဆင့် ၆ မှာ ရပ်တည်ခဲ့ပါတယ်။ 

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T