ကမ္ဘာ့အချောဆုံးမင်းသားလို့တောင် ပရိသတ်တွေကရော ကမ္ဘာကပါ သတ်မှတ်ခံခဲ့ရပြီး သရုပ်ဆောင်ပီပြင်တာကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်ပဲလှော် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးအဖြစ် သတ်မှတ်ခံရသူကတော့ လက်ပွားမင်းသားလို့ အားလုံးက ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ ရီသိက်ရိုရှန်း ပဲဖြစ်ပါတယ်။


ရီသိက်ရိုရှန်းဟာ ပထမအိမ်ထောင် ဖြစ်တဲ့ ဇနီးဟောင်း ဆူဇန်ခန်း နဲ့ (၂၀၀၀) ခုနှစ်မှာ လက်ထပ်ခဲ့ပြီး (၂၀၁၄) မှာတော့ ကွာရှင်းခဲ့ပါတယ်။ လက်ရှိမှာ သားနှစ်ယောက်ရဲ့ ဖခင်ဖြစ်နေတဲ့ လက်ပွားမင်းသား ရီသိက်ဟာ သူ့ထက် အသက် (၁၂) နှစ်ငယ်တဲ့ အဆိုတော်မလေး ဆဗားနဲ့ လာမယ့် နိုဝင်ဘာလထဲ လက်ထပ်သွားမယ်ဆိုတဲ့ သတင်းတွေဟာ သို့လောသို့လော နဲ့ ထွက်နေခဲ့ပါတယ်။


ကွာရှင်းပြီးနောက် (၆) နှစ်ကျော် တစ်ကိုယ်တည်းဖြတ်သန်းခဲ့တဲ့ ရီသိက်ဟာ (၂၀၂၁) မှာတော့ ဆဗားနဲ့ စ ချိန်းတွေ့ ခဲ့ ပြီး (၂၀၂၂) ဇန်နဝါရီလမှာ ပရိသတ်ရှေ့ထုတ်ပြပြီး တရားဝင် တွဲခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ အခုလည်း ရီသိက်ဟာ နိုင်ငံတော် အဆင့်ကျင်းပပြုလုပ်တဲ့ဂီတပွဲတော်ကို ချစ်သူလေးနဲ့တရားဝင် ပွဲတက်လာခဲ့တာ ဖြစ်တာမို့ ပရိသတ်တွေကတော့ တအားကို ပျော်ရွှင်နေကြပါပြီ။

