သမီးလေး စံရတီထိုက် (ခ) ဖောင်းဖောင်း ရဲ့ (၁)နှစ်ပြည့်မွေးနေ့လေးမှာ အလှူလေးပြုလုပ်ပေးခဲ့တဲ့ သူထူးစံတို့ ဇနီးမောင်နှံ

//s9.kh1.co/17/17ffbb70f7d3f04e67e2a0bfa0ff670739ef7128.jpg
အနုပညာရှင်များ

 ၀၁-ပြီ-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

သမီးလေး စံရတီထိုက် (ခ) ဖောင်းဖောင်း ရဲ့ (၁)နှစ်ပြည့်မွေးနေ့လေးမှာ အလှူလေးပြုလုပ်ပေးခဲ့တဲ့ သူထူးစံတို့ ဇနီးမောင်နှံ

ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားသူကတော့ သဘာဝမင်းသား သူထူးစံနဲ့ မင်းသမီး ထိုက်စုဝင်းတို့ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံနှစ်ဦးဟာ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ တောက်ပခဲ့တဲ့ ကြယ်ပွင့်တွေပဲ ဖြစ်ပါတယ်။

Photo Credit - Thu Htoo San
Photo Credit - Thu Htoo San
Photo Credit - Thu Htoo San
Photo Credit - Thu Htoo San

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားခဲ့တဲ့ သူထူးစံတို့ ဇနီးမောင်နှံမှာ ဝဝကစ်ကစ်နဲ့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါသေးတယ်။ သမီးလေး စံရတီထိုက် (ခ) ဖောင်းဖောင်း ဟာ ယမန်နေ့ကတော့ (၁) နှစ်ပြည့်မွေးနေ့လေးကို ကျရောက်ခဲ့ပါတယ်။

Photo Credit - Thu Htoo San
Photo Credit - Thu Htoo San
Photo Credit - Thu Htoo San
Photo Credit - Thu Htoo San

ဖေဖေ သူထူးစံနဲ့ မေမေ ထိုက်စုဝင်းတို့က သမီးလေးအတွက် တကယ့်ကို မွန်မြတ်တဲ့ ကုသိုလ်ကောင်းမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သမီးလေးရဲ့မွေးနေ့ကုသိုလ်အဖြစ် ဗိုလ်တထောင်ဘုရားမှာ သံဃာတော်တွေကို အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းပေးခဲ့တာပါ။ ဖေဖေ သူထူးစံကတော့ ပထမဆုံးမွေးနေ့အမှတ်တရ လေးတွေကို သမီးလေး ပြန်တွေ့တိုင်း ဝမ်းမြောက်ပျော်ရွှင်နိုင်ပါစေ ဆိုပြီး ဆုတောင်းပေးထားခဲ့ပါတယ်။ ကဲ .. Myanmarload ပရိသတ်ကြီးရေ အသက် ၁ နှစ်ပြည့်မွေးနေ့လေးကို ကျရောက်ခဲ့တဲ့ သမီးလေး စံရတီထိုက် (ခ) ဖောင်းဖောင်း ကို မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါဦးနော်...။

Photo Credit - Thu Htoo San
Photo Credit - Thu Htoo San

သတင်း အရင်းအမြစ် Source - Thu Htoo San

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T