မတ်လ 31 ရက်နေ့ဟာ ချစ်ရတဲ့ ကိုရီးယားထိပ်တန်း အနုပညာရှင်စုံတွဲ Son Ye Jin နဲ့ Hyun Bin တို့ရဲ့ ပထမဆုံး မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်ပါတယ်.. ဒီနေ့လေးမှာတော့ Son Ye Jin က သူမရဲ့ Instagram Story မှာ ကြည်နူးစရာကောင်းတဲ့ ပို့စ်တစ်ခုနဲ့ ဂုဏ်ပြုခဲ့ပါတယ်.. Son Ye Jin သည် မင်္ဂလာဝတ်စုံလေးနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ ပရိသတ်တွေ မမြင်ဖူးသေးတဲ့ စုံတွဲပုံလေးကို ချပြခဲ့တာဖြစ်ပါတယ်.. Happy 1 Year Anni လို့ Caption လေးရေးပြီး မျှဝေထားတာပါ..


အဆိုပါဓာတ်ပုံလေးကို တင်တာနဲ့ သူတို့စုံတွဲလေးနဲ့ အိမ်ထောင်သက် တစ်နှစ်ပြည့်အတွက် ပရိသတ်တွေက ကြည်နူးမှုအပြည့်နဲ့ ဂုဏ်ပြုစကားလေးတွေ ဝိုင်းပြောခဲ့ကြပါတယ်.. နိုင်ငံအသီးသီးက Fan တွေနဲ့ ပရိသတ်တွေကလည်း ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုစကားတွေနဲ့ ဆုမွန်ကောင်းတောင်းပြီး ဆိုရှယ်မီဒီယာတွေမှာ မျှဝေခဲ့ပါတယ် ..


မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေသာ တက်ရောက်ခဲ့တဲ့ သီးသန့်အခမ်းအနားတစ်ခုမှာ သူတို့ဇနီးမောင်နှံ လက်ထပ်ခဲ့တာ တစ်နှစ်ကျော်သွားပြီဖြစ်တာကြောင့် ပရိသတ်တွေနဲ့ အင်တာနက်အသုံးပြုသူတွေက ယုံရခက်နေပါတယ်..

“သူတို့လက်ထပ်ပြီးတာ 1 နှစ်တောင်ရှိနေပြီ မယုံနိုင်ဘူး” “သူတို့က ပြီးပြည့်စုံတဲ့ စုံတွဲတွေပဲ” “ဂုဏ်ယူပါတယ် 1 နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်မြောက်နေ့” “Oh wow အချိန်တွေအရမ်းကုန်တာမြန်တယ်” “သူတို့က ပျော်ရွှင်စရာကောင်းတဲ့ မိသားစု သုံးယောက်တောင်ဖြစ်နေပြီ” “အရမ်းလှတာပဲ” “မနေ့ကပဲ နှစ်ယောက် လက်ထပ်တော့မယ်လို့ သတင်းတွေထွက်နေသလို ခံစားရတယ်” “အင်း၊ အချိန်တွေ အရမ်းကုန်တာ မယုံနိုင်ဘူး” ဆိုပြီး ရေးသားခဲ့ကြပါတယ်..

တစ်ချိန်တည်းမှာပင် Son Ye Jin နဲ့ Hyun Bin တို့က မတ်လ 31 ရက် 2022 တွင် လက်ထပ်ခဲ့ပြီး အဲ့ နှစ်နိုဝင်ဘာလမှာပဲ သားတစ်ဦးကို အတူတူ ကြိုဆိုခဲ့ကြပါတယ်..

Hyun Bin ကတော့ 'Confidential Assignment 2: International' နဲ့ 'The Point Men'လို ရုံတင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်.. အခုနှစ် 2023 မှာလဲ 'Harbin' ဇာတ်ကားသစ်နဲ့ ပရိသတ်တွေရှေ့ကို ပြန်လာရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်..
သတင်း အရင်းအမြစ်៖ allkpop.com





