တောင်ကိုရီးယားမင်းသမီး Han Ji-hye ဟာဆိုရင် ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပြီး အောင်မြင်မှုတွေ များစွာရရှိပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ Han Ji-hye က Sweet 18 ၊ Summer Scent ၊ May Queen စတဲ့နာမည်ကြီးတဲ့ ဇာတ်ကားပေါင်းများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပြီး အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့သူဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ မှာ မင်းသမီး Han Ji-hye တစ်ယောက် အစိုးရရှေ့နေ Jung Hyuk-joon နဲ့ ဟာဝိုင်အီမှာ လက်ထပ်ခဲ့ ပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ Jung Hyuk-joon တစ်ယောက် သမီးလေးကို အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။ Han Ji-hye က သမီးလေးကို အရမ်းချစ်ပြီး သမီးလေး အတွက်ပဲ အချိန်တွေကို ကုန်ဆုံးနေတဲ့သူဖြစ်ပါတယ်။ သမီးလေးအတွက် အနုပညာ အလုပ်တွေကိုတောင် ရပ်နားထားတဲ့ မင်းသမီး Han Ji-hye ရဲ့ စိတ်ဓာတ်ကလည်း တော်တော်လေးကို ချစ်ဖို့ကောင်းပါတယ်။

Han Ji-hye က အခုတစ်ခေါက်မှာလည်း အရွယ်ရောက်လာတဲ့ သမီးလေးကို ကြည့်ပြီး ပီတီဖြစ်နေတဲ့ ပုံရိပ်လေး တင်ပေးလာခဲ့ပါတယ်။



Han Ji-hye ရဲ့ သမီးလေးက Han Ji-hye နဲ့ တူလွန်းနေတာကိုလည်း အံ့ဩစရာကောင်းလောက်အောင် တွေ့ရပါတယ်နော်။ ချစ်စရာကောင်းလွန်းလှတဲ့ တောင်ကိုရီးယားမင်းသမီး Han Ji-hye ရဲ့သမီးငယ်လေးတို့ရဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။