တောင်ကိုရီးသမ္မတရုံးက Blackpink နဲ့ ပက်သက်ပြီး စိတ်ဆိုးစေမယ့် သတင်းတစ်ခုကို ထုတ်ပြခဲ့ပါတယ်။သမ္မတရုံးက သမ္မတ Yoon Suk Yeol ရဲ့ အိမ်ဖြူတော် ခရီးစဉ်မှာ BLACKPINK ပါဝင်ဖျော်ဖြေမယ် ဆိုတဲ့ သတင်းတွေကို တရားဝင် ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Jill Biden တို့ရဲ့ ဖိတ်ကြားချက်အရ တောင်ကိုးရီးယားသမ္မတ Yook Suk Yeol သမ္မတကတော် Yook Suk Yeol တို့ဟာ ဧပြီ ၂၆ ရက်မှာ တရားဝင်နိုင်ငံတော်ခရီးစဉ်အဖြစ် ဝါရှင်တန်ဒီစီသို့ သွားရောက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

သံတမန်ခရီးစဉ်အပြီးမှာတော့ အမေရိကန် သမ္မတကတော်က BLACKPINK နဲ့ လေဒီဂါဂါတို့ကို ပူးတွဲဖျော်ဖြေတင်ဆက်ဖို့ အကြံပြုခဲ့ကြောင်း မီဒီယာအသီးသီးရဲ့ သတင်းဖော်ပြမှုတွေကြောင့် လူသိများလာခဲ့ပါတယ်။

ထို့နောက် တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီရဲ့ အကြီးအကဲဟာ ထိုတောင်းဆိုမှုကို သမ္မတထံ ပြန်လည်ပေးပို့ဖို့ ပျက်ကွက်ခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံကို မသွားရောက်ခင် တစ်လထက်နည်းတဲ့ အချိန်အခက်အခဲကြောင့်လည်း အခုလို Blackpink ဖျော်ဖြေမယ်ဆိုတဲ့ သတင်းတွေကို တရားဝင်ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဖျော်ဖြေမှုကို အထူးစောင့်မျှော်နေကြတဲ့ Blackpink ပရိသတ်တွေကတော့ စိတ်ဆိုးဒေါသထွက်နေကြပြီး တချို့ကလည်း ဝမ်းနည်းနှမြောသတဖြစ်ခဲ့ကြပါတယ်။


Photos : Credit