'BTS-Jungkook' ရဲ့ ကြော်ငြာကြောင့် နိုင်ငံတော်တော်များများမှာ ပစ္စည်းရောင်းထွက်ကုန်တဲ့ 'Calvin Klein'...

//s9.kh1.co/06/0605de8bc6f86f0939f6210a1a763ff807ae17c6.jpg
အနုပညာရှင်များ

 ၃၁-မတ်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

'Sold Out King' လို့ တောင်ခေါ်နေကြပြီ..

BTS အဖွဲ့ဝင် Jungkook ကတော့ တစ်ကမ္ဘာလုံးကစျေးကွက်တွေကို သူ့ကြော်ငြာနဲ့ လွှမ်းမိုးပြသွားခဲ့ပါတယ်။ သူ့ရဲ့လွှမ်းမိုးတွေက အံ့မခန်းပါပဲ။ သူတစ်ခုခုကို ဝတ်ပြတာ (သို့) စားပြရင်တောင် အဲ့ကုန်ပစ္စည်းတွေဟာ စျေးကွက်မှာ ဝယ်လိုအားများလွန်းတာကြောင့် Stock ပြတ်သွားပြီး စျေးလည်းခုန်တက်သွားပါတယ်။ ဒါကြောင့် Jungkook ကို "Sold Out King" လို့တောင် တင်စားပြီးခေါ်နေကြပါပြီ။

https://s9.kh1.co/__image/w=650,h=833,q=100/6d/6da4340623b1ebe39b100b145350a738618bfd50.jpg

မကြာသေးခင်ကပဲ Jungkook ဟာ Calvin Klein နဲ့ collaborative project မှာ ပါဝင်ခဲ့ပါတယ်။ Calvin Klein နဲ့ collaborate လုပ်ပြီးတဲ့နောက်မှာ Jungkook ရဲ့ အမိုက်စားပုံတွေဟာ အင်တာနက်စာမျက်နှာတွေမှာ ပြန့်နှံ့သွားခဲ့ပြီး တော်တော်များများက အရမ်းကိုနှစ်သက်နေကြပါတယ်။ သူ့ရဲ့ပုံတွေပြန့်နှံ့ပြီး တစ်ချိန်ထဲမှာပဲ Calvin Klein ရဲ့ ကုန်ပစ္စည်းတွေဟာ နိုင်ငံတော်တော်များများမှာ ရောင်းထွက်သွားခဲ့ပြီး စျေးနှုန်းတွေပါ ခုန်တက်သွားခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/71/71b64f735223964a5a28efe6a214985167a8e11b.jpg

Calvin Klein ရဲ့ မူရင်းကုမ္ပဏီဖြစ်တဲ့ PVH Crop က လေးရက်အတွင်းမှာ $ 72.26 မှ $ 88.36 ထိ စျေးနှုန်းတွေ ၂၀% ထိုးတက်သွားကြောင်း ဖော်ပြထားပါတယ်။ဲ Jungkook ဟာ Calvin Klein ကို ပိုပြီးအောင်မြင်မှုရအောင် တွန်းပို့နိုင်ခဲ့ပါတယ်။ Jungkook နဲ့ Collaborate လုပ်ထားတဲ့ အကောင့်ဟာလည်း Calvin Klein အတွက် engagement အများဆုံးရတဲ့ post တစ်ခုဖြစ်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=559,q=100/a7/a7806e6269d7b026416ce560ed39363401e06c43.png
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T