တောင်ကိုရီးယားမင်းသား Jung Hae-in ဟာဆိုရင် Snowdrop ဇာတ်လမ်းမှာ Blackpink အဖွဲ့ဝင် Jisoo နဲ့ အတွဲညီညီ သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ပရိသတ်တွေက များစွာ သဘောတူခဲ့ကြပြီး အရမ်းလည်း ချစ်ခဲ့ကြပါတယ်။

Jisoo က လက်ရှိမှာ Dior အမှတ်တံဆိပ်ရဲ့ Global Ambassador အဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ Jisoo က Dior အမှတ်တံဆိပ်ရဲ့ Global Ambassador အဖြစ် ဆောင်ရွက်နေတဲ့အချိန်မှာ Jung Hae-in တစ်ယောက် လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ တင်လိုက်တဲ့ ပုံတွေဟာဆိုရင်လည်း လက်ရှိမှာ နာမည်ကြီး ရေပန်းစားနေခဲ့ပါတယ်။

အဆိုပါ ဓာတ်ပုံတွေကို Jung Hae-in က @DIOR #DIOR #Summer23 ဆိုတဲ့ စာသားလေးနဲ့ တင်ပေးခဲ့တာဖြစ်ပါတယ်။ Jung Hae-in တင်ပေးခဲ့တဲ့ ဓာတ်ပုံတွေကို ပရိသတ်တွေက Dior ကိုချစ်တဲ့ Jung Hae-in က Dior ရဲ့ Ambassador ဖြစ်တဲ့ Jisoo ကို တမင်မြင်အောင် အထာပေးနေတာလို့ ပရိသတ်တွေက ဆိုကြပါတယ်။

Jung Hae-in ကလည်း တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို Jisoo တစ်ယောက် Dior အမှတ်တံဆိပ်ရဲ့ Global Ambassador တစ်ယောက်ဖြစ်လာမှ အခုလိုမျိုး Dior ပုံလေးတွေ တင်ခဲ့မိတာ ဖြစ်ပါတယ်။


ချစ်ဖို့ကောင်းစွာနဲ့ အထာကျကျ ကြည့်လို့ကောင်းနေတဲ့ တောင်ကိုရီးယားမင်းသား Jung Hae-in ရဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။






 Bong I.T
 Bong I.T