မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးခဲ့တဲ့ ထိုင်းမင်းသမီးလေး Mew ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေနဲ့ ဝေးကွားနဲ့တဲ့ သူလေးလဲ ဖြစ်ပါတယ်.. သူမက ၂၀၂၀ လောက်တုန်းက အရမ်းကို နာမည်ကြီးခဲ့တဲ့သူလေးပါ.. My Husband In Law ဇာတ်ကားထဲမှာ မင်းသား Mark Prin နဲ့ Chemistry မိမိသရုပ်ဆောင်ထားပြီး Rating အများဆုံးနဲ့ ရပ်တည်နေတဲ့ ဇာတ်ကားလဲ ဖြစ်ခဲ့ပါတယ်..


Mew ကတော့ အနုပညာလောက က မဟုတ်တဲ့ သူဌေးတစ်ယောက်နဲ့လက်ထပ်ထားပြီး အခုဆိုရင်တော့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်.. အိမ်ထောင်သက် ၂ နှစ်အတွင်းမှာလဲ ခင်းပွန်းပေါ်မှာလည်း ဇနီးတာဝန်ကျေသလို သမီးလေးအပေါ်မှာလည်း မိခင်တာဝန်ကျေသူလည်း ဖြစ်ပါတယ်..


Mew က သူမရဲ့ IG Acc မှာလဲ သမီးလေးရဲ့ လှုပ်ရှားမှုတွေကို အမြဲတမ်းမျှဝေပေးလေ့ရှိပါတယ်.. Interview တိုင်းမှာလဲ သူမဘဝမှာ အရေးကြီးဆုံးနဲ့ တန်ဖိုးအထားဆုံးအရာက သူ့သမီးလေးဖြစ်ကြောင်း အမြဲဖြေလေ့ရှိပါတယ်.. သမီးလေးကို မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်နေတဲ့ မေမေ Mew နဲ့ သမီးလေး Marine ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်…




သတင်း အရင်းအမြစ်៖ MewNittha's IG Acc





