လက်ထပ်ပြီးသား လင်မယားတွေအဖြစ် မြင်တွေ့ရတော့မယ့် Park Bo Young နဲ့ Park Hyung Sik

//s9.kh1.co/9b/9bb4685420b0993b10bcb0d54ece493b97136595.jpg
အနုပညာရှင်များ

 ၃၀-မတ်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

အရမ်းချစ်ဖို့ကောင်းတဲ့ ဘုံဘုံ မင်မင် အတွဲလေး ..

တောင်ကိုရီးယားနာမည်ကျော် သရုပ်ဆောင် စုံတွဲဖြစ်တဲ့ Park Bo Young နဲ့ Park Hyung Sik  တို့ အတွဲကို မကြာမီမှာ ပြန်လည်မြင်တွေ့ရတော့မယ်လို့ သိရပါတယ်။ Park Bo Young နဲ့ Park Hyung Sik တို့ကို မကြာခင်မှာထွက်ရှိလာမယ့် Strong Woman Gang Nam Soon မှာ လက်ထပ်ပြီးသားစုံတွဲအဖြစ် မြင်တွေ့သွားရဖို့ ရှိတယ်လို့ သိရပါတယ်။

Google
Google

Sports Chosun ရဲ့ ကြေညာချက်အရ Park Bo Young နဲ့ Park Hyung Sik တို့က Strong Woman Gang Nam Soon မှာ အထူး ဧည့်သည်အဖြစ် ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးက Do Bong Soon နဲ့  Ahn Min Hyuk တို့ ဇာတ်ကောင်နေရာမှာပဲ ပါဝင် သရုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။

Google
Google

Strong Woman Gang Nam Soon ဇာတ်လမ်းတွဲက Strong Woman Do Bong Soon ရဲ့ နောက်ဆက်တွဲအဖြစ် ရိုက်ကူးမယ့် ဇာတ်လမ်းဖြစ်တာကြောင့် Park Bo Young and Park Hyung Sik တို့ အတွဲလေး လက်ထပ်ပြီးနောက် အမွှာ ကလေးလေးတွေ ရလာတဲ့ အပိုင်းကို ဆက်လက်ရိုက်ကူးသွားမှာဖြစ်ပါတယ်။  

Google
Google
Google
Google

Strong Woman Gang Nam Soon ဇာတ်လမ်းတွဲမှာ အဓိက ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမယ့်သူက Gang Nam Soon ဖြစ်ပါတယ်။ Gang Nam Soon က Do Bong Soon ရဲ့ ၆ ဆက်မြောက် ဝမ်းကွဲတစ်ယောက်ဖြစ်ပြီး မွန်ဂိုလီးယားမှာ နေထိုင်နေတဲ့ သူဖြစ်ပါတယ်။ သူမက အရွယ်ရောက်လာတဲ့ အချိန်မှာ မိဘတွေကို ရှာဖို့အတွက် တောင်ကိုရီးယားကို ပြန်လာခဲ့တဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Strong Woman Gang Nam Soon ဇာတ်လမ်းတွဲကို ဇူလိုင်လမှာ ထွက်ရှိသွားဖို့ ရှိတယ်လို့ သိရပါတယ်။

Google
Google

ပရိသတ်တွေ အရမ်းချစ်ရတဲ့ ဘုံဘုံ မင်မင် စုံတွဲလေးကို ထပ်ပြီး မြင်တွေ့ရမယ်ဆိုတော့ ပရိသတ်တွေကလည်း အတိုင်းမသိဝမ်းသာနေကြပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T