Lee Min Ho နဲ့ Song Joong Ki တို့ရဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရခဲ့ဖူးတဲ့ နာမည်ကြီးမင်းသမီး

//s9.kh1.co/b4/b466d26e577b95289b2baa31d5a757736ff5e4d2.jpg
အနုပညာရှင်များ

 ၂၉-မတ်-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဒိတ်ဒိတ်ကြဲမင်းသားနှစ်ယောက်နဲ့ သတင်းထွက်ခဲ့ဖူးတဲ့ ထိုအမျိုးသမီးဟာ.....

တောင်ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲမင်းသားတွေ ဖြစ်ကြတဲ့ Lee Min Ho နဲ့ Song Joong Ki တို့ဟာ တူညီတဲ့ မိန်းကလေးတစ်ဦးနဲ့ သတင်းထွက်ခဲ့ဖူးပါတယ်။ထိုအမျိုးသမီးဟာ သူတို့နှစ်ဦးနဲ့ ချိန်းတွေ့တယ်ဆိုတဲ့ ကောလဟာလတွေကြားထဲမှာ ပက်သက်ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=510,h=306,q=100/24/24128c5e66d1554091a9eae30e477a030ff36eb6.jpg

သူမကတော့ ပရိသတ်တွေအချစ်တော် မင်းသမီး Park Bo Young ပဲ ဖြစ်ပြီး သူမဟာ Song Joong Ki နဲ့  “Werewolf Boy” ဇာတ်ကားမှာ တွဲဖက်ခဲ့တာကို လူတိုင်းသိကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ထိုအချိန်က ချိန်းတွေ့ ခဲ့တယ်လို့ သံသယ ဖြစ်ခံခဲ့ရပါသေးတယ်။

https://s9.kh1.co/__image/w=580,h=325,q=100/79/79158faa077097b1d8067a597b9b4e9ef665927f.jpg

သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Song Joong Ki က “Park Bo Young က ကျွန်တော့်အတွက်ပါပဲ။ Bo Young နဲ့ချိန်းတွေ့တဲ့အရှုပ်တော်ပုံမှာ အမျိုးသားဇာတ်ဆောင်ဖြစ်ချင်ပါတယ်” လို့ပြောကြားခဲ့ဖူးပြီး တကယ်တော့ Park Bo Young ဟာ  Song Joong Ki ရဲ့ ချစ်ခြင်းမေတ္တာကို ပွင့်ပွင့်လင်းလင်းဖော်ပြခံခဲ့ရတဲ့ တစ်ဦးတည်းသော မိန်းကလေးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=580,h=326,q=100/ee/eea80e9873c5b3ca4d22d598f6a0ebd11c163112.jpg

Park Bo Young က Lee Min Ho နဲ့ တွဲနေတယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်ဟာ ဖျော်ဖြေရေးလောကထဲကို စတင်ဝင်ရောက်လာကတည်းက ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ပြီး “Secret Campus” ရုပ်ရှင်မှာလည်း အတူတွဲလုပ်ခဲ့ဖူးပါသေးတယ်။ အခုအချိန်အထိလည်း သူငယ်ချင်းကောင်းတွေအဖြစ် ရှိနေဆဲဖြစ်ပြီး လက်ရှိမှာ နှစ်ယောက်လုံး Single ဖြစ်နေတာကြောင့်ပရိသတ်တွေက လက်တွဲစေချင်နေကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=580,h=725,q=100/70/70a205ea4bdc71cfa1d2f041ee06339174582015.jpg

Photos : Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T