ချစ်ဇနီးလေး Son Ye Jin မရှိချိန်သားငယ်လေးကို ကိုယ်တိုင် နို့ဘူးတိုက်နေတဲ့ ဖေဖေ Hyun Bin

//s9.kh1.co/47/47d019bb2b67869f3a6bbd61f8d83487dd55c7bb.jpg
အနုပညာရှင်များ

 ၂၉-မတ်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

သားလေးကို တုန်နေအောင်ချစ်တဲ့ ဖေဖေ Hyun Bin ပါနော် ..

တောင်ကိုရီးယားနာမည်ကြီး ထိပ်တန်းစုံတွဲလေးဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့ရဲ့သားလေးဟာဆိုရင် မွေးကာစကတည်းက ပရိသတ်တွေရဲ့ အချစ်ကိုရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။  Hyun Bin နဲ့ Son Ye Jin တို့က လွန်ခဲ့တဲ့ ၁ နှစ်ကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ သားဦးလေး တစ်ယောက်ကိုတောင်မွေးဖွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Google
Google

Hyun Bin နဲ့ Son Ye Jin တို့က အချင်းချင်း နားလည်မှု အပြည့်ရှိပြီး အရမ်းချစ်ကြတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း Hyun Bin တစ်ယောက် သူရဲ့သားလေးကို ဂရုတစိုက်နဲ့ နို့ဘူးလေး တိုက်ကျွေးနေတဲ့ ပုံလေး ပြန့်နှံ့လာပါတယ်။ အဆိုပါ ဓာတ်ပုံထဲမှာ Hyun Bin က သူ့ရဲ့ သားလေးကို ခံစားချက် အပြည့်နဲ့ စိုက်ကြည့်ပြီး သေသေချာချာလေး နို့ချိုတိုက်ကျွေးနေတာပါ။ Hyun Bin နဲ့ Son Ye Jin တို့ ကွာရှင်းလိုက်ပြီဆိုတဲ့ ကောလာဟလအပြီးမှာ Hyun Bin တစ်ယောက် သားငယ်လေးကို နို့ချိုတိုက်ကျွေးနေတဲ့ ဓာတ်ပုံလေး ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။

Google
Google
Google
Google

တချို့ကလည်း ဓာတ်ပုံထဲက နို့တိုက်နေတဲ့သူက Hyun Bin မဟုတ်ဘဲ အခြားသူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

Google
Google
Google
Google
Google
Google

တောင်ကိုရီးယား သရုပ်ဆောင် Hyun Bin နဲ့ Son Ye Jin တို့က သူတို့ရဲ့ သားငယ်လေးနဲ့ ပတ်သက်ပြီး အရမ်း သိုသပ်ကြပြီး ဓာတ်ပုံတွေကိုလည်း သိပ်ပြီး မဖြန့်ကြပါဘူး။ သားငယ်လေးကို ချစ်တဲ့စိတ်နဲ့ နို့ဘူးတိုက်ကျွေးနေတဲ့ ဖေဖေ Hyun Bin ရဲ့ ချစ်စရာ ပုံရိပ်လေးကို ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T