လီမင်ဟိုနဲ့တူလွန်းတယ်ဆိုပြီး ပထမဦးဆုံးနန်းတွင်းဇာတ်လမ်းမှာတင် နာမည်ကြီးနေတဲ့သရုပ်ဆောင်လေး

//s9.kh1.co/9f/9feeba9f91568f80e7300c8fdf5e07bb560c2920.jpg
အနုပညာရှင်များ

 ၂၈-မတ်-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

ချစ်ဖို့ကောင်းလိုက်တာ ..

တောင်ကိုရီးယားမင်းသား Ryeon Un ဟာဆိုရင် ပထမဦးဆုံးရိုက်ကူးထားတဲ့ နန်းတွင်း ဇာတ်လမ်းတွဲမှာပဲ မင်းသား လီမင်ဟိုနဲ့ တူလွန်းတယ်လို့ဆိုကာ အချစ်ခံနေရတဲ့သူဖြစ်ပါတယ်။ Ryeon Un က The Secret Romantic Guesthouse ဆိုတဲ့ နန်းတွင်းဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေအားလုံးရဲ့ အာရုံစိုက်မှုကို များစွာ ရရှိနေပါတယ်။ The Secret Romantic Guesthouse ဇာတ်လမ်းတွဲမှာ Ryeon Un နဲ့ မင်းသမီး Shin Ye Eun လည်း ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာ ရရှိခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာကတည်းက Ryeon Un က ထူးထူးခြားခြား ဆိုသလို တောင်ကိုရီးယားမင်းသား လီမင်ဟိုနဲ့ တူလွန်းနေပါတယ်။

Google
Google

Ryeon Un ကို ၁၉၉၈ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ အနုပညာ လောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ Ryeon Un က အထင်ကြီးလောက်စရာ အရပ် အမြင့်နဲ့ အံ့ဩဖို့ကောင်းလွန်းတဲ့ သရုပ်ဆောင် အရည်အချင်းတွေလည်း ရှိတဲ့သူဖြစ်ပါတယ်။ Ryeon Un က Lee Min Ho နဲ့ Park Bo Gum တို့နဲ့ မျက်နှာချင်းဆင်တယ်ဆိုတဲ့ စကားကို သူ့အနေနဲ့ ပြောလို့ရမလားဆိုတာ မသိပေမယ့် အရမ်း ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။

Google
Google
Google
Google
Google
Google

Ryeon Un ဟာဆိုရင် web-drama တွေ များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပြီး ထူးထူးခြားခြားဆိုသလို နာမည်ကြီး မင်းသား နှစ်ယောက်ပေါင်းထားတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတာကြောင့် အချစ်ခံနေရပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T