BLACKPINK-Lisa ပြီးနောက် BVLGARI ရဲ့ brand ambassador ဖြစ်လာတဲ့ ဒုတိယမြောက် အာရှအနုပညာရှင် Liu Yifei...

//s9.kh1.co/6c/6c30fef9bd1a12cf671b8b6d5c8e01b9b2310279.jpg
အနုပညာရှင်များ

 ၂၆-မတ်-၂၀၂၃ ၁၁am · လွန်ခဲ့သော တစ်နှစ် က

နှစ်ယောက်လုံးကတော့ မိမိုက်နေတာပဲ..

BVLGARI ဟာ ကမ္ဘာကျော်လက်ဝတ်ရတနာ brand တစ်ခုဖြစ်ပြီး နိုင်ငံတကာက နာမည်ကြီးအနုပညာရှင်တွေတော်တော်များများကလည်း brand ambassador အဖြစ်လုပ်ကိုင်နေကြပါတယ်။ အာရှအနုပညာရှင်တွေထဲမှာတော့ BLACKPINK-Lisa နှင့် တရုတ်မင်းသမီး Liu Yifei တို့ကသာ BVLGARI ရဲ့ အာရုံစိုက်မှုကို ရရှိနေသေးတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/4c/4c994fc108f2505d6e711580216977cf3f627606.jpg

BLACKPINK-Lisa ပြီးနောက် Liu Yifei ဟာ BVLGARI ရဲ့ brand ambassador ဖြစ်လာတဲ့ ဒုတိယမြောက် အာရှအနုပညာတစ်ယောက်ဖြစ်လာပါတယ်။ BVLGARI ရဲ့ ambassador အဖြစ် တရားဝင်ကြေညာပြီးနောက်မှာ Shanghai က ဖက်ရှင်ပွဲတစ်ခုမှာ လက်ဝတ်ရတနာတွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/f6/f6bfa8d54586b5fc250f297b19db8875a0238689.jpg

Liu Yifei ဟာ brand ambassador မဖြစ်ခင်ကလည်း BVLGARI ရဲ့ လက်ဝတ်ရတနာတွေကို အမြဲသဘောကျဝတ်ဆင်ခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။ သူမဟာ တရုတ်နိုင်ငံဖွားမင်းသမီးတစ်ယောက်ဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=810,q=100/64/64a66a99933ad1ba7bd713a4cc72e1448ce3d2a4.jpg

Liu Yifei မတိုင်ခင်က Lisa ဟာ BVLGARI ရဲ့ တစ်ဦးတည်းသော အာရှအနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ BVLGARI ရဲ့ ဈေးကြီးတဲ့လက်ဝတ်ရတနာတွေကိုဝတ်ဆင်ဖို့ အခွင့်အရေးတွေလည်း အများကြီးရခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/57/571421e1bd76e08c1817d6cc7672282c0d1151bc.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T