Harry Styles နှင့် Emily Ratajkowski တို့ဟာ တိုကျိုရဲ့လမ်းမပေါ်မှာ အတူတူလျှောက်လည်ခဲ့ကြပြီး ချိုမြိန်တဲ့အနမ်းတွေလည်း မျှဝေခဲ့ကြကြောင်း Daily Mail မှာ Vedio နဲ့တကွဖော်ပြခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် Harry styles ဟာ အနက်ရောင် ကုတ်အင်္ကျီနှင့် ဘောင်းဘီကိုဝတ်ဆင်ထားပြီး အသက် ၃၁ နှစ်အရွယ် မင်းသမီး Ratajkowski ကတော့ ပန်းရောင်အင်္ကျီနှင့် အနက်ရောင်စကတ်ကို ဝတ်ဆင်ထားခဲ့ပါတယ်။ Harry Styles ဟာ Olivia Wilde နဲ့ ၂ နှစ်နီးပါးတွဲခဲ့ပြီး အရင်နှစ် နိုဝင်ဘာလက လမ်းခွဲခဲ့တာဖြစ်ပါတယ်။

Emily Ratajkowski ဟာ အမေရိကန် မော်ဒယ်နှင့် သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ Sebastian Bear-McClard နဲ့ ကွာရှင်းပြတ်ဆဲဖို့ပြင်နေတာဖြစ်ပြီး ၂ နှစ်အရွယ်သားလေးတစ်ယောက်လည်းရှိပါတယ်။

တိုကျိုမြို့လမ်းမပေါ်က သူတို့ရဲ့အနမ်းတွေဟာ အများထင်နေသလိုမျိုး Relationshipတစ်ခုကို ထုတ်ပြတာမျိုးလား။ ဒါမှမဟုတ် အကောင်းဆုံးအကြောင်းပြချက်တစ်ခုဖြစ်တဲ့ just friend အနမ်းပဲလားဆိုတာကိုတော့ မကြာခင်ရက်တွေမှာသိရတော့မှာဖြစ်တဲ့အတွက် Myanmarload Page ကို အမြဲစောင့်ကြည့်ပေးဖို့လိုပါတယ်။