ဆောင်းဟေကိုပါဝင်ရိုက်ကူးထားတဲ့ "The Glory" ဟာဆိုရင် လူတွေရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ကာ အောင်မြင်မှုတွေလည်း အများကြီးရရှိခဲ့ပါတယ်။ "The Glory" ဟာဆိုရင် ဆောင်းဟေကိုရဲ့ ပုံစံပြောင်း ဒရမ်မာတစ်ခုဖြစ်ပြီး "DOTS" ပြီးတဲ့နောက် ဆောင်းဟေကိုရဲ့ အအောင်မြင်ဆုံး ဒရမ်မာလည်းဖြစ်ပါတယ်။

အခုတော့ "The Glory" ရဲ့ရိုက်ကွင်းနောက်ကွယ်က အမှတ်တရပုံတွေဟာ လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပုံတွေမှာတော့ 'The Glory' အဖွဲ့သားတွေကို ချစ်ဖို့ကောင်းစွာနဲ့ အတူတူတွေ့ရပါတယ်။

ဆောင်းဟေကိုကို လေးစားချစ်ခင်ကြတဲ့ အဖွဲ့သားတွေကို ဆောင်းဟေကိုနဲ့ ဓာတ်ပုံတွေအတူတွဲရိုက်နေကြတာကိုလည်းတွေ့ရပါတယ်။ ပုံထဲမှာတော့ Lee Do Hyun နဲ့ Jung Sung Li တို့ကိုတော့ မတွေ့ခဲ့ရပါဘူး။
