ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့ပြီး အခုထက်ထိ လူကြိုက်များဆဲဖြစ်တဲ့ Snowdrop ဒရမ်မာဟာဆိုရင် တစ်နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

ကိုစိုးမိုးနိုင်လို့လူသိများတဲ့ Jung Hae-in နဲ့ BlackPink အဖွဲ့ဝင် Jisoo တို့အတူ သရုပ်ဆောင်ထားတဲ့ အဲ့ဒီဒရမ်မာမှာဆိုရင် Jisoo နဲ့ ကိုစိုးမိုးနိုင်တို့ရဲ့ လိုက်ဖက်ညီမှုကိုတွေ့ရပါတယ်။

ရိုက်ကွင်းနောက်ကွယ်ကထွက်လာတဲ့ ပုံတွေမှာလည်း ကိုစိုးမိုးနိုင်တဲ့ Jisoo တို့ရဲ့ချစ်စရာကောင်းတဲ့ အပြန်အလှန်အပြုအမူတွေကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်ပဲပရိသတ်တွေက သူတို့နှစ်ဦးကိုတွဲစေချင်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင်မနှစ်ကကျင်းပခဲ့တဲ့ BlackPink ပွဲမှာလည်း ကိုစိုးမိုးနိုင်က ပွဲတက်ပြီး Jisoo နဲ့ အင်္ကျီစင်တူဝတ်ကာ အားပေးခဲ့ကြပါသေးတယ်။ ပရိသတ်တွေကြားမှာတော့ snowdrop တစ်နှစ်ပြည့်သွားပေမယ့် လွမ်းနေကြကာ သူတို့နှစ်ဦးကိုလည်း သဘောတူနေကြပါတယ်။