တောင်ကိုရီးယားသရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ Song Hye Kyo နဲ့ Song Seung Hun တို့ဟာဆိုရင် တစ်ခေတ်တစ်ခါတုန်းက အွန်စောနဲ့ ဂျွန်ဆော အတွဲဆိုပြီး နာမည်ကြီး လူသိများခဲ့တဲ့ စုံတွဲဖြစ်ပါတယ်။

သူတို့နှစ်ဦးက ဇာတ်ကားရိုက်ကူးနေစဉ်မှာရော ဇာတ်ကား ရိုက်ကူးပြီးတဲ့ အချိန်မှာရော တွဲနေကြတယ်ဆိုတဲ့ကောလာဟလတွေ များစွာ ထွက်ရှိထားတဲ့ စုံတွဲဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် Song Hye Kyo က တောင်ကိုရီးယား ရုပ်ရှင်လောကမှာ ထိပ်တန်း ကြယ်ပွင့် အဖြစ်ရပ်တည်နေတာ ဖြစ်ပါတယ်။ Song Hye Kyo က Lee Byung Hun နဲ့ Hyun Bin တို့နဲ့ တွဲခဲ့ဖူးတဲ့သူဖြစ်ပြီး Joong Ki နဲ့ ၂၀၁၉ ခုနှစ်မှာ ကွာရှင်းခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက Song Hye Kyo က သူမရဲ့ Single ပုံရိပ်ကို ထိန်းထားခဲ့တာဖြစ်ပါတယ်။


ဂျွန်ဆောမင်းသားကြီး Song Seung Hun ဟာဆိုရင်လည်း အချစ်နဲ့ ပတ်သက်ရင် ကံဆိုးတဲ့သူဖြစ်ပါတယ်။ Song Seung Hun က Liu Yifei နဲ့ တွဲခဲ့ဖူးပြီး လမ်းခွဲခဲ့တဲ့သူဖြစ်ပါတယ်။

Song Hye Kyo လိုမျိုးပဲ Song Seung Hun ဟာဆိုရင်လည်း အထီးကျန်တဲ့ မင်းသားကြီး ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးကို တွဲလိုက်ကြရင် ကောင်းမှာပဲလို့ ဝိုင်းပြီး သဘောတူနေကြတာဖြစ်ပါတယ်။
