ချစ်သူလေး Ter ကို ကြွေသွားစေမယ့် စကားလုံးတွေနဲ့ ချုပ်ပြလိုက်တဲ့ ထိုင်းမင်းသမီး Mai Davika

//s9.kh1.co/23/230c8b5f31a56590d7aba328ccff1a15cc2f4255.jpg
အနုပညာရှင်များ

 ၂၅-မတ်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

Mai ကို ပိန်ကပ်ပြားချပ်နေတယ်လို့ ဝေဖန်တိုက်ခိုက်ခံနေရတဲ့အချိန်မှာ ချစ်သူလေး ဘေးမှာရှိနေပေးတာကြောင့် …

မကြာသေးမီက မင်းသမီး Mai Davika က Youtube တွင် ပရိုဂရမ်တစ်ခုဖန်တီးပြီးနောက် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ အများကြီးကို ခံခဲ့ရပြီး ထိုင်းအနုပညာအသိုင်းအဝိုင်းမှာ အနုပညာရှင်အချင်းချင်းတောင် ပြောဆိုမှုတွေ ရှိနေပါတယ်.. ဒီလိုတိုက်ခိုက်မှုတွေက အင်တာနက်လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook နဲ့ Twitter တွေထိ ငြင်းခုံနေမှုတွေ ဖြစ်နေပါတယ်..

https://s9.kh1.co/__image/w=650,h=812,q=100/58/587e759160fb290def306aeaf4bbe2170791cbe7.jpg
https://s9.kh1.co/__image/w=650,h=812,q=100/69/69f81e86714fae4e593e76ebe8400b1d531047a3.jpg

ထိုင်းအနုပညာအသိုင်းအဝိုင်းမှာ တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ ဇာတ်လမ်းအပြီးမှာတော့ Davika က သူ့အမှားတွေကို ဝန်ခံပြီး တခြားသူတွေရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အစီအစဉ်တွေ မထုတ်လုပ်တော့ဘဲ အပြောင်းအလဲတွေ ပြုလုပ်ပြီး တင်ဆက်ပါ့မယ်လို့ သတင်းထောက်တွေရှေ့မှာ တောင်းပန်စကားဆိုလာပါတယ်..

https://s9.kh1.co/__image/w=650,h=813,q=100/0b/0b827ac3e05c85e734fc58f6bb523aa14fd69083.jpg
https://s9.kh1.co/__image/w=650,h=930,q=100/1b/1b233a3ca33c4ced2042e854207f75e126adba3d.jpg

လတ်တလောမှာတော့ Mai ဟာ လူအများရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ၊ ခန္ဓာကိုယ်က ပိန်လွန်းပြားလွန်းတာတွေကို ဝေဖန်ခံနေရပေမယ့် သူမမှာ ချစ်သူ မင်းသား Ter Chantavit နဲ့ အမြဲရှိနေတာကြောင့် ခိုင်ခံ့ပြီး အမြဲပြုံးရွှင်နေဆဲပါလို့ ပြောခဲ့ပါတယ်..

https://s9.kh1.co/__image/w=650,h=812,q=100/ad/ad908ef7ffc60e919bef49a4fa6c8a633a702481.jpg
https://s9.kh1.co/__image/w=650,h=433,q=100/84/84a18aa6bd2e702143cf3d9b4c26122ac6a0d75e.jpg

မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုမှာ Mai က “သူမဟာ ဘယ်လိုလူပဲဖြစ်နေပါစေ ချစ်သူ Ter ကတော့ ဘယ်တော့မှ သူ့ကို စိတ်ပျက်သွားမယ့်သူမဟုတ်ဘူး.. ဘယ်လောက်ပဲ ခက်ခဲနေပါစေ တခြားဘယ်သူတွေကပဲ တိုက်ခိုက်နေပါစေ သူက ဘေးမှာအမြဲရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ၊ ဘယ်လောက်ပဲပျော်ရွှင်ပါစေ ဝမ်းနည်းနေပါစေ တစ်ယောက်ကိုတစ်ယောက်လက်မလွှတ်ဘဲ ထာဝရလက်တွဲဖို့ကြိုးစားသွားပါ့မယ်” လို့ ပြောကြားခဲ့ပါတယ်..

https://s9.kh1.co/__image/w=650,h=812,q=100/f0/f0ae8f9da67587c6f2ab8d77ffed53ca89c70b6b.jpg
https://s9.kh1.co/__image/w=650,h=813,q=100/88/88a43f4715d26f1d9e0e928d5e914a03f56dba7d.webp

သတင်း အရင်းအမြစ် Popular.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T