ဂယက်ပေါင်းများစွာကြားကနေ တရားဝင်တွဲချိတ်လိုက်ပြီဆိုတဲ့ Zayn နဲ့ Selena Gomez

//s9.kh1.co/da/da0552959de3ef3b9a4853386e2d04cdf28c22ec.jpg
အနုပညာရှင်များ

 ၂၅-မတ်-၂၀၂၃ ၇am · လွန်ခဲ့သော ၃ နှစ် က

Hailey Bieber နဲ့ ဝက်ဝက်ကွဲ ဂယက်တွေထနေတဲ့ကြားကပဲ Zayn နဲ့ လက်ချင်းချိတ်ပြီး ..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

လတ်တလောမှာ ဂယက်တွေအရမ်းထပြီး ပွဲတွေတန်းစီဖြစ်နေတဲ့ Selena Gomez နဲ့ (၂၀၂၁) ခုနှစ်က Gigi Hadid နဲ့ လမ်းခွဲထားခဲ့တဲ့ Zayn Malik တို့ဟာ တရားဝင်တွဲချိတ်နေပြီ လို့ ပါပါရာဇီတွေရဲ့ လက်ချက်အရရော ကမ္ဘာကျော် မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ People Magazine မှ ယမန်နေ့ မတ်လ(၂၄)ရက်နေ့ ညက ကြေငြာလာခဲ့ပါပြီ။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ဒီသတင်း ဟာ ကမ္ဘာတစ်ဝှမ်းလုံးက စိတ်အဝင်စားဆုံး သတင်းဖြစ်နေပြီး Zayn နဲ့ Selena တို့စုံတွဲဟာ စောင့်ကြည့်အခံရဆုံးစုံတွဲအဖြစ်ပါဝင်လာတော့မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ မတ်လ(၈)ရက်နေ့က Zayn က Selena ရဲ့ Instagram ကို Follow စလုပ်ခဲ့ပြီး အဲ့နောက်ပိုင်းမှာ နှစ်ယောက်တွဲနေတယ်ဆိုတဲ့ ကောလဟာလတွေဟာ အဆက်မပြတ်ဆိုသလိုထွက်နေခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

အခုအခါမှာတော့ Zayn နဲ့ Selena တို့ နှစ်ဦး ဟာ NYC က စားသောက်ဆိုင်တစ်ဆိုင်မှာ တူတူစားသောက်နေတာကို တွေ့ရရုံသာမက လက်ချင်းချိတ်ပြီး လမ်းလျှောက်နေတာကို တွေ့ခဲ့ရတယ်လို့လည်း People Magazine က ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ လက်ရှိ ဒီ သတင်းဟာ ကမ္ဘာပေါ်မှာ အတော်လေးရေပန်းစားနေပြီး နှစ်ယောက်လုံးရဲ့ ပရိသတ်တွေအတွက် အတော်လေး အချင်းပွားစရာကိစ္စဖြစ်နေခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T