K-pop အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ BLACKPINK ဟာ သူတို့ရဲ့ 'BORN PINK' ကမ္ဘာလှည့်ဖျော်ပွဲအတွက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ပြန်လည်သွားရောက်မယ်လို့ ကြေညာထားပါတယ်။ ပြင်သစ်မှာရှိတဲ့ သူတို့ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားစေဖို့အတွက် BLANKPINK တရားဝင်အင်တာနက်စာမျက်နှာတွေမှာ ဖျော်ဖြေပွဲအတွက် ကြေညာခဲ့တာဖြစ်ပါတယ်။

BLANKPINK အဖွဲ့ဟာ ဒီနှစ်အတွင်းမှာ နိုင်ငံတော်တော်များများမှာရှိတဲ့ မြို့ကြီးတွေကို ဖျော်ဖြေခဲ့ပြီးဖြစ်ပါတယ်။ 'BLINKS' လို့ လူသိများတဲ့ သူတို့ဖန်တွေကလည်း ဖျော်ဖြေပွဲအတွက်လက်မှတ်တွေကို အလုအယက်ဝယ်ယူပြီး တခဲနက်အားပေးခဲ့ကြပါတယ်။ BLACKPINK ရဲ့ သတင်းအသစ်တွေကို အမြဲတမ်းစောင့်ကြည့်ပြီး အားပေးဖို့အမြဲအဆင်သင့်ဖြစ်နေကြတဲ့အတွက်ကြောင့်လည်း ယခုလိုအောင်အောင်မြင်မြင်နဲ့ မြို့ကြီးတွေတစ်ခုပြီးတစ်ခု ဖျော်ဖြေနိုင်ခဲ့တာဖြစ်ပါတယ်။

ပဲရစ်မြို့ကဖျော်ဖြေပွဲကို ဇူလိုင် ၁၅ ရက်မှာ လူပေါင်း ၈၀၀၀၀ ဆံ့တဲ့ 'STADE DE FRANCE' မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ခမ်းနားတဲ့ပဲရစ်မြို့ကြီးမှာ ဘယ်လိုအမိုက်စား Performance တွေနဲ့ ဖျော်ဖြေပေးမလဲဆိုတာ စောင့်ကြည့်ချင်စရာဖြစ်နေပါပြီ။ ဒီဖျော်ဖြေပွဲကိုလာရောက်အားပေးဖို့အတွက် ဥရောပတစ်ဝှမ်းကပရိသတ်တွေကလည်း အတော်လေးစိတ်လှုပ်နေကြပြီဖြစ်ပါတယ်။ BLACKINK ဟာ ကိုရီးယားမှာတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးက ပရိသတ်တွေအခိုင်အမာရရှိထားတဲ့ K-pop အဖွဲ့တစ်ခုဖြစ်ပါတယ်။