ချစ်သူကို မယုံကြည်ပေမယ့် လက်ထပ်ဖို့ရွေးချယ်ခဲ့တဲ့ ချိုဝမ်မင်းသမီးLee Da Hae

//s9.kh1.co/77/77a782e6afd4eef8144421b639a2ba88bab4839d.jpg
အနုပညာရှင်များ

 ၂၄-မတ်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

Lee Da Hae လေးတောင် လက်ထပ်တော့မယ် ..

တောင်ကိုရီးယားမင်းသမီး Lee Da Hae ဟာဆိုရင် အဆိုတော် Se7en ကို မယုံကြည်ခဲ့တဲ့သူဖြစ်ပြီး တွဲဖို့အထိတောင် ငြင်းဆန်ခဲ့တဲ့သူဖြစ်ပါတယ်။ Lee Da Hae နဲ့ Se7en တို့က အချိန်အတော်ကြာ တွဲခဲ့ပြီးတဲ့နောက် မေလ ၆ ရက်နေ့မှာ လက်ထပ်ကြတော့မှာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက ၂၀၁၆ ခုနှစ်မှာ  စပြီးတွဲခဲ့ကြတာဖြစ်ပြီး စပြီးတွဲခဲ့စဉ်ကတည်းက ဝေဖန်မှုတွေ များစွာနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ အချစ်ဇာတ်လမ်းလေးကိုလည်း ပရိသတ်တွေက အများကြီး ကျေနပ် သဘောကျနေကြပါတယ်။

Google
Google
Google
Google

ချိုဝမ်လို့လူသိများတဲ့ တောင်ကိုရီးယားမင်းသမီး Lee Da Hae က စစချင်းမှာ အဆိုတော် Se7en ကို မယုံကြည်ရဲဘဲ ငြင်းဆန်ခဲ့တဲ့သူဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Se7en က စစ်မှုထမ်းဆောင်နေတဲ့ ကာလတွေမှာ ၁၉ နှစ်အထက်တွေသာသွားရတဲ့ ချွေးထုတ်ခန်းကို ခိုးသွားခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြစ်မှုကြောင့် Se7en ကို Lee Da Hae က မယုံကြည်နိုင်ခဲ့ဘဲ တွေ့ဖို့တောင် ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Google
Google
Google
Google
Google
Google

ဒါ ပေမယ့်လည်း တွေ့ပြီးတဲ့နောက်မှာ Lee Da Hae က Se7en ကို အများကြီး နားလည်ပေးခဲ့ပြီး စိတ်ကူးထားတဲ့ ပုံစံထက် အများကြီး ကွဲထွက်နေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Google
Google

သူတို့နှစ်ဦးက နားလည်မှု အပြည့် အဝ ဆုံး အချစ်တွေနဲ့ အချင်းချင်း သဘောကျ နှစ်သတ်ခဲ့ကြပြီး လက်ရှိမှာဆိုရင် လက်ထပ်ဖို့အထိ စီစဉ်ထားပြီး ကြပြီပဲ ဖြစ်ပါတယ်။ အပျိုကြီးဂုဏ်ပုဒ်ကို စွန့်လွှတ်တော့မယ့် တစ်ခေတ်တစ်ခါက နာမည်ကြီး မင်းသမီး Lee Da Hae ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T