အကျော်ကြားဆုံးဖြစ်တဲ့ Taylor Swift နဲ့ Adele တို့ရဲ့ စံချိန်ကိုလိုက်မှီလာနိုင်တဲ့ Jisoo

//s9.kh1.co/1e/1e46d90f8ed072dc35d831aff3c21a08ab2026bd.jpg
အနုပညာရှင်များ

 ၂၃-မတ်-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

အရင်နေ့က အချပ်ရေ ကိုးသိန်းခွဲအထိ ရောင်းချထားခဲ့ရာမှ ယခုအခါ (၅၀၀၀၀) ချပ် ထပ်ရောင်းရ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

တောင်ကိုးရီးယားနိုင်ငံ ရဲ့ အကျော်ကြားဆုံး အမျိုးသမီး အဆိုအဖွဲ့ BLACKPINK ရဲ့ Lead Vocalist တစ်ဦးဖြစ်သူ ၊ အဖွဲ့ထဲမှာ တကယ်ကို အစ်မကြီးအမိရာ ပီသလောက်အောင် အဖွဲ့ကို ဂရုစိုက်ချစ်ခင်သူ ၊ Kpop Fan တွေသာမက တစ်ကမ္ဘာလုံးကပါ ချစ်ရတဲ့ အနုပညာရှင်တစ်ဦး ကတော့ အားလုံးက မကြည်စိုး လို့ ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ Jisoo ပါပဲ။

Photo Credit From Original Uploader
Photo Credit From Original Uploader

BLACKPINK အဖွဲ့ဝင် Jisoo ဟာ ဒီလ (၃၁)ရက်နေ့မှာ သူမရဲ့ ပထမဦးဆုံးသော တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်တဲ့ ‘ME’ ထွက်ရှိတော့မှာဖြစ်ပြီး ' ME ' အယ်လ်ဘမ် ဟာ အယ်လ်ဘမ် မထွက်သေးခင် ကြိုတင်မှာယူမှု နဲ့တင်ပဲ အချပ်ရေပေါင်း ကိုးသိန်းခွဲ အထိရောင်းချခဲ့ရပြီးဖြစ်ပြီး Korean female soloist သမိုင်းမှာ ဘယ်သူမှ မရရှိသေးတဲ့စံချိန်ကိုရရှိထားတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒီကနေ့ မှာတော့ BLACKPINK အဖွဲ့ဝင် Jisoo ဟာ တစ်ပတ်အတွင်း အယ်လ်ဘမ်ချပ်ရေ 1 MILLION ရောင်းချရသော တစ်ကိုယ်တော် အမျိုးသမီးအနုပညာရှင်အဖြစ် Adele နှင့် Taylor Swift တို့ရဲ့စံချိန်၀င်လာနိုင်ခဲ့ပါပြီ။ Jisoo ရဲ့ solo album ဖြစ်တဲ့ “ME”ဟာထွက်ရှိဖို့ (၈)ရက်သာကျန်တော့တာဖြစ်ပါတယ်။ YG ENTERTAINMENT ဘက်က ကြိုတင်မှာယူမှု (၉၅၀,၀၀၀)ရှိနေပြီလို့ တရာ၀င်ပြောကြားပြီး လက်ရှိ website တွေမှာ (၅၀၀၀၀)ထိတိုးလာပြီးဖြစ်တာကြောင့် YG ဘက်ကတရား၀င်ထုတ်ပြန်ဖို့သာလိုအပ်တော့တာဖြစ်ပြီး Jisoo ဟာ Million Seller တစ်ယောက်ဖြစ်လာပြီဖြစ်ပါတယ်။ Congratulations ပါ ကောင်မလေးရေ ။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T