တောင်ကိုရီးယား မင်းသားကြီး Song Il Gook ဟာဆိုရင် သူ့ ဇနီးဖြစ်သူနဲ့ နေထိုင်တဲ့ အခက်အခဲတွေကို ဖွင့် ဟပြောဆိုလာခဲ့ပါတယ်။ အဆိုပါအကြောင်းအရာကို ဂျုမုံမင်းသားကြီး Song Il Gook က မတ်လ ၂၁ ရက်နေ့တုန်းက “Dolsing Fourmen” အစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
Song Il Gook ဟာဆိုရင် သူ့အမျိုးသမီးဖြစ်သူနဲ့ အစပိုင်းတွေမှာ အဆင်ပြေပေမယ့် အချိန်ကြာလာတဲ့အခါမှာ ကတောက်ကဆ ဖြစ်လာတာမျိုးတွေ ရှိလာကြောင်း ၊ ဒါ ကြောင့် အခု ရက်ပိုင်းတွေမှာ အိမ်နေရာခွဲပြီးနေနေရကြောင်း ဆိုခဲ့ပါတယ်။ Song Il Gook က သူ့မိန်းမက နောက်တစ်ဖန် ပြန်မွေးဖွားခွင့်ရမယ်ဆိုရင် သူနဲ့ မနေချင်တော့ဘူးအထိ တောင် ပြောခဲ့တယ်လို့ ဆိုပါတယ်။
Song Il Gook က သူ့ရဲ့ ခက်ခဲတဲ့ အိမ်ထောင်ရေး ဘဝ အကြောင်းကိုလည်း ဝန်ခံပြီး ပြောဆိုခဲ့ပါတယ်။ Song Il Gook ရဲ့ အကြီးဆုံးသားလေးက ၁၂ တန်းအရွယ် ရှိနေပြီး အငယ်လေးတွေကတော့ ၈ တန်း စီ ရှိနေကြပြီလို့ ဆိုပါတယ်။ သူ့ရဲ့ အမျိုးသမီးဖြစ်သူကလည်း သွေးဆုံးကိုင်နေတဲ့ အရွယ်ရောက်နေပြီဖြစ်လို့ စိတ်သိပ်မကြည်ဘူးလို့ ဆိုပါတယ်။ Song Il Gook က ဇနီးဖြစ်သူနဲ့ ရန်မဖြစ်ချင်လို့ တက်နိုင်သမျှ ရှောင်ပေမယ့် နည်းနည်းသာ သူ့ဘက်က ပိုပြီး တင်းမိမယ်ဆိုရင် ရန်ဖြစ်ကောင်း ရန်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အသက်ကြီးမှ မိန်းမနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေတဲ့အကြောင်းကို ဖွင့်ဟ ဝန်ခံလာတဲ့ တောင်ကိုရီးယားမင်းသားကြီး Song Il Gook ရဲ့ အကြောင်းကိုပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။