'Eras Tour' မှာ အမိုက်စားဖျော်ဖြေမှုနဲ့အတူ စံချိန်သစ်တွေပါရရှိခဲ့တဲ့ Taylor Swift...

//s9.kh1.co/82/82d6365a9e303e16a37b857a00cf5ae3f54c1edf.jpg
အနုပညာရှင်များ

 ၁၉-မတ်-၂၀၂၃ ၁pm · လွန်ခဲ့သော တစ်နှစ် က

Congratulations Taylor..

Taylor Swift ဟာ Arizona ပြည်နယ်၊ Glendale မှာ ပြုလုပ်ခဲ့တဲ့ ' The Eras Tour' ပွဲကြီး‌ကို အောင်မြင်စွာကျင်းပခဲ့ပြီး စံချိန်သစ်တွေလည်း ရရှိခဲ့ပါတယ်။ မြို့အမည်ကိုလည်း 'Swift City' လို့ပြောင်းပြီး သူမကိုဂုဏ်ပြုခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=503,q=100/79/798f142a97f305bb694d4cda078c3c4df3768ec1.jpg

လူပေါင်း ၇၀၀၀၀ နီးပါးတက်ရောက်ခဲ့ပြီး ၁၉၈၇ ခုနှစ်က Madonna တင်ထားခဲ့တဲ့ 'တက်ရောက်အားပေးသူအများဆုံး အမျိုးသမီးအနုပညာရှင်တစ်ယောက်ရဲ့ ဖျော်ဖြေပွဲ' ဆိုတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။'Eras Tour' မှာ Taylor Swift ဟာ သုံးနာရီနှင့်ဆယ့်ငါးမိနစ်အတွင်း သီချင်းပေါင်း ၄၄ ပုဒ်ကို ပရိသတ်တွေစိတ်ကျေနပ်မှုအပြည့်ရအောင် ဖျော်ဖြေပေးခဲ့ပါတယ်။ သူမရဲ့ အမိုက်စား fashion တွေအပြင် သီချင်းကို ရသစုံလင်အောင်ဖျော်ဖြေပေးခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=502,q=100/e8/e84fb16301091ddd9e92a13a1897e20bf58bf18c.jpg

ဒါ့အပြင် 'The Eras Tour' ဟာ Taylor Swift အတွက် ဝင်ငွေအကြမ်းဆုံးပွဲတစ်ခုဖြစ်ခဲ့ပြီး ဘီလီယံနာတစ်ယောက်ဖြစ်‌ စေနိုင်တယ်လို့လည်း Billboard က ခန့်မှန်းထားပါတယ်။

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T