Star News ရဲ့ မတ်လ ၁၉ ရက် ထုတ်ဝေချက်အရ JISOO ဟာ Lee Young Ji တင်ဆက်တဲ့ 'My Alcohol Diary ' ရှိုးပွဲရဲ့ Season 2 မှာ ပထမဆုံးဧည့်သည်အဖြစ် ပါဝင်မယ်လို့ သိရပါတယ်။ ဒီရှိုးရဲ့ Season 2 ကို ဧပြီ ၇ ရက်မှာ စတင်ထုတ်လွှင့်မှာဖြစ်ပါတယ်။

JISOO ဟာ ရှိုးပွဲအတွက် မကြာသေးမီကပဲ ရိုက်ကူးရေးပြီးသွားပါပြီ။ ဒီရိုက်ကူးရေးမှာ အခြား Variety Show တွေနဲ့မတူဘဲ သူမရဲ့ ဉာဏ်ကောင်းမှုနှင့် ရယ်စရာဟာသတွေကိုလည်း လုပ်ပြခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၃၁ ရက်မှာထွက်ရှိမယ့် သူမရဲ့ပထမဆုံး တစ်ကိုယ်တော် 'Album' အကြောင်းလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

'My Alcohol Diary ' ဟာ ၂၀၂၂ အောက်တိုဘာ ၂၀ မှာ BTS-JIN ရဲ့ ပါဝင်မှုနဲ့အတူ season 1 ကိုအဆုံးသတ်ခဲ့ပါတယ်။ Season 1 မှာ အပိုင်း ၁၃ ပိုင်းရှိပြီး Tomorrow X Together's Soobin၊ Seventeen's Hoshi၊ ITZY's Chaeryeong၊ Monsta X's Hyungwon၊ Twice's Nayeon- Chaeyoung၊ Christopher နှင့် BTS Jin တို့ပါဝင်တဲ့ အပိုင်းတွေဟာ လူကြိုက်များပြီး ကြည့်ရှုသူ ဆယ်သန်းကျော်ရှိခဲ့ပါတယ်။