Sky Castle' ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင်လေး lee yoo jin ဟာဆိုရင် မမှတ်မိတော့လောက်အောင် အရွယ်ရောက် ကြီးပြင်းလာတာကြောင့် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

lee yoo jin အရွယ်ရောက်ကြီးပြင်းလာတဲ့ ဓာတ်ပုံလေးကို "Sky Castle" ဇာတ်လမ်းတွဲမှာ lee yoo jin ရဲ့ မိခင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီးOh Na Ra e က ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံလေးထဲမှာ Oh Na Ra က အရွယ်ကျသွားခြင်း မရှိပေမယ့် သူမရဲ့သားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင်လေးက သူမနဲ့ ရွယ်တူလိုမျိုးဖြစ်ပြီး အရပ်ကြီးလည်းတော်တော် ရှည်နေပါပြီ။

သူတို့နှစ်ဦးက ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ပြီးနောက်မှာလည်း သံယောဇဉ်မပျက်ဘဲရှိနေပြီး အချင်းချင်း ခင်မင်ရင်းနှီးနေကြတုန်းပဲ ဖြစ်ပါတယ်။

ပရိသတ်တွေအများစုကတော့ ကလေးသရုပ်ဆောင်လေး Lee Yu Jin ရဲ့ ပြောင်းလဲလာတဲ့ ပုံစံလေးကို သဘောကျနှစ်သတ်နေကြပြီး “အံ့ဩဖို့ကောင်းလိုက်တာ အရပ်ကြီးက ..” “ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့တာပဲ ..” “ဒီနှစ်ယောက်ကို မတွေ့ရတာတောင် ကြာပြီ .. “ “ကလေးလေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အရပ်ရှည်လာတာလဲ ..” “ ကြည့်လို့ကောင်းလိုက်တာ .. အရွယ်ရောက်လာတာ မြန်လိုက်တာ ..” စတဲ့မှတ်ချက်တွေ ရေးထားကြပါတယ်။
