မင်းသား Kim Jaewon ဇာတ်လမ်းတွဲတွေထဲ မပါဖြစ်တော့တဲ့အကြောင်းအရင်း

//s9.kh1.co/1c/1cef3c3ebb392d2a583bc0d89c2cc1d40bd866fe.jpeg
အနုပညာရှင်များ

 ၁၉-မတ်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၆ လ က

မင်းသား Kim Jaewon ဇာတ်လမ်းတွဲတွေထဲ မပါဖြစ်တော့တဲ့အကြောင်းအရင်း

  တောင်ကိုရီးယားမင်းသား Kim Jaewon ဟာဆိုရင်တစ်ခေတ်တစ်ခါက ဂင်ဟာနူးဆိုပြီး မြန်မာပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားခဲ့တဲ့သူဖြစ်ပါတယ်။ Kim Jaewon က ၁၉၈၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်တာကြောင့် လက်ရှိမှာ သူ့ရဲ့အသက်က ၄၀ ကျော်နေပြီပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=810,q=100/48/481c0da05d4ce4ab474a63bc718fe6e5fdb35582.jpeg

 Kim Jaewon ကို Romance (2002)၊  Listen to My Heart (2011)၊ May Queen (2012) နဲ့  The Scandal (2013) ဇာတ်လမ်းတွေနဲ့လူသိများခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တာဖြစ်ပါ တယ်Kim Jaewon က အသားအရည်ဖြူစင်ဝင်းပပြီး ရယ်လိုက်ရင် အေးမြသွားတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်ထားတဲ့သူဖြစ်တာကြောင့် သူ့ကို အပြုံးမင်းသားလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ 

https://s9.kh1.co/__image/w=450,h=607,q=100/40/4052028a6c82ea2b4928325b609ad4c9d202a921.jpeg

တစ်ခေတ်တစ်ခါက တခဲနက်အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မင်းသား Kim Jaewon က ဇနီးဖြစ်သူနဲ့ ၂၀၁၃ ခုနှစ်မှာလက်ထပ်ပြီးတဲ့နောက်မှာ ရုပ်ချင်း ချွတ်ဆွတ်တူတဲ့ သားလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပြီး အနုပညာ အလုပ်တွေလုပ်တာပါ ကြဲသွားခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=450,h=675,q=100/6b/6b249a1be0f0e8ec6593c9d68d336b609819609c.jpeg

Kim Jaewon က ဇာတ်လမ်းတွဲတွေထဲ ပါဝင်တာထက် ကိုယ်ပိုင် ကုမ္ပဏီထောင်ပြီး စီနီယာအဖြစ်နဲ့ တက်သစ်စလေးတွေကို မွေးထုတ်ပေးလျက်ရှိပါတယ်။ Kim Jaewon ရဲ့ အေဂျင်စီ နာမည်က one-man entertainment ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=430,h=613,q=100/fb/fbee3652b34ba5895f48c05bdb9ceb0296abb70c.jpeg

Kim Jaewon က ၂၀၂၀ ခုနှစ်မှာ one-man entertainment အေဂျင်စီကို သူနဲ့ နှစ်ပေါင်း ၂၀ ကြာ အတူတွဲပြီး အလုပ်လုပ်ခဲ့တဲ့ မန်နေဂျာဖြစ်သူနဲ့အတူ ထူထောင်ခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=533,h=800,q=100/74/742e741277ac331b8c2c81b2c58fe77a1dd01e64.jpeg

Kim Jaewon ရဲ့ ကုမ္ပဏီက ယုံကြည်မှုတွေနဲ့တည်ဆောက်ထားတဲ့ ကုမ္ပဏီအဖြစ် လူသိများပြီး အဆင့်အတန်းတစ်ခုအနေနဲ့ လက်ရှိအချိန်အထိ နာမည်ပျက်မရှိဘဲ ရပ်တည်နိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=646,q=100/b2/b23944674ee4370fbf8cb6400264ae16b05ef054.jpeg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T