ဘောလိဝုဒ်လောကရဲ့ကြယ်ပွင့် တစ်ဦးဖြစ်ပြီး တစ်ခေတ်တစ်ခါက ရော အခုချိန်ထိပါ ဘောလိဝုဒ်လောကရဲ့အလှပဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံထားရသူ၊ ဘောလိဝုဒ်လောကရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်သူ ကတော့ အားလုံးကချစ်ကြတဲ့ ပရီရန်ကာချိုပရာပါပဲ။


ပရီရန်ကာချိုပရာ ဟာ သူမ နဲ့ အသက်(၁၀)နှစ်ကွာတဲ့ အဆိုတော် နစ်ခ်ဂျိုးနပ်စ် နဲ့ လက်ထပ်ထားတာဖြစ်ပြီး သူတို့နှစ်ဦးဟာ တစ်ဦးအပေါ်တစ်ဦးအလွန်ချစ်ခင်ကြတာကြောင့် ပရိသတ်ကသတ်မှတ်ထားတဲ့ကမ္ဘာ့အချစ်တတ်ဆုံး စုံတွဲတွေထဲတစ်တွဲအပါအဝင်အဖြစ် သတ်မှတ်ခံထားရတဲ့စုံတွဲဖြစ်ပါတယ်။ အိမ်ထောင်သက် လေးနှစ်ကျော်သည့်တိုင်အောင် တစ်ဦးအပေါ်တစ်ဦး ဂရုစိုက်မှုတွေနဲ့မေတ္တာတွေမပျက်တာလည်း ပရိသတ်တွေက သက်သေပါပဲ။


အခုအခါမှာလည်း မမပရီရန်ကာချိုပရာ က သူ့ထက် အသက် (၁၀) နှစ်ငယ်တဲ့ အမျိုးသား နစ်ခ်ဂျိုးနတ်စ် ကို အရမ်းတွေ ချစ်ပြနေတာဖြစ်ပါတယ်။ သူမအမျိုးသားက စင်ပေါ်မှာ သီချင်းဆို ဖျော်ဖြေနေတာကို သူမက ဗီဒီယိုရိုက်ထားပြီး အရမ်းတွေကြူးနေခဲ့တာကြောင့် ပရိသတ်တွေကလည်းအတိုင်းထက်အလွန်အားကျနေကြပါတယ်။ နောက်ထပ်နှစ်ပေါင်းများစွာဒီ့ထက်ပို ချစ်နိုင်ကြပါစေလို့ဆုတောင်းလိုက်ရပါတယ်။


