လင်မယားကွာရှင်းမှုမှာ Song Joong Ki ကို ကာကွယ်ပေးခဲ့တယ်ဆိုတဲ့ Song Hye Kyo

//s9.kh1.co/be/be6cc5005900d3579ce8eaca1a6a443c9bcb5e2c.jpg
အနုပညာရှင်များ

 ၁၇-မတ်-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

လူတော်တော်များများက Song Hye Kyo က ယောက်ျားမရှိရင် မနေနိုင်ဘူးလို့ …

Song Hye Kyo နဲ့ Song Joong Ki တို့ရဲ့ ကွာရှင်းပြတ်စဲမှုနဲ့ ပတ်သက်ပြီး အင်တာနက်အသုံးပြုသူတွေက Hye Kyo က အတိတ်က စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး Song Joong Ki ကို ကာကွယ်ပေးခဲ့တယ်လို့ ဆိုကြပါတယ်.. မကြာသေးမီက ကိုရီးယားဖိုရမ် Pann မှာ Song Joong Ki နဲ့ Song Hye Kyo တို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်းနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်က  ပြန်လည်နာမည်ကြီးလာခဲ့ပါတယ်..

https://s9.kh1.co/__image/w=650,h=434,q=100/cc/cc59971bd2cbea83cb63b261c8fd7837a10b2a24.jpg
https://s9.kh1.co/__image/w=650,h=388,q=100/e5/e52977cc35175e518a2ba7c81d2c4b8e733e46b1.jpg

Song Hye Kyo က အချစ်ရေးနဲ့ ပတ်သက်ရင် အမြဲလိုလိုဝေဖန်ခံနေရပြီး Song Joong Ki နဲ့ သူစိမ်းဖြစ်သွားတာတောင် သူတို့နှစ်ယောက်ရဲ့ အကြောင်းတွေက သတင်းအဖြစ်နဲ့ ဆက်လက်ဖော် ပြခံနေရဆဲပါ.. “ Song Joong Ki နဲ့ ကွာရှင်းပြတ်စဲပြီးချိန်မှာတော့ Song Hye Kyo က  သူမရဲ့ခင်ပွန်းဟောင်းပတ်သက်တဲ့ အကြောင်းအရာတွေကို မီဒီယာတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်.. လူတော်တော်များများက Song Hye Kyo က ယောက်ျားမရှိရင် မနေနိုင်ဘူးလို့ ပြောဆိုနေကြပါတယ်..

https://s9.kh1.co/__image/w=650,h=584,q=100/37/37813897cf0ad55fe3de69ca6c6bc26b54ae85ec.jpg
https://s9.kh1.co/__image/w=650,h=875,q=100/b8/b836ff1460a820fc41a5a6728f424688417033f3.jpg

Song Hye Kyo ရဲ့ Dating သတင်းတွေ အမျိုးစုံထွက်ခဲ့တဲ့အချိန်မှာလဲ တော်တော်များများက သူမကို သွေးဆောင်ဖြားယောင်းနေတဲ့သူလို့ ခေါ်ကြပါတယ်.. ဒါပေမယ့် အခု ကွာရှင်းပြီး လအနည်းငယ်အကြာမှာပဲ ရည်းစားအသစ်နဲ့ လက်ထပ်ခဲ့တဲ့ သူကတော့ Song Joong Ki ပါပဲ” လို့ Post တွေမှာ ရေးသားခဲ့ပါတယ်..

https://s9.kh1.co/__image/w=650,h=979,q=100/47/4709a3c7c28bc7fc92df9c5347ffac5730c1ff7d.jpg
https://s9.kh1.co/__image/w=650,h=464,q=100/2e/2e15e19198572a9c647d12390273ac13d3d8a220.jpg

Hye kyo က သူနဲ့အတူတူတွဲရိုက်ခဲ့တဲ့ မင်းသားတွေနဲ့ သူငယ်ချင်းအဖြစ်နေခဲ့ပေမယ့် တွဲနေတဲ့သတင်းတွေလည်း ထွက်နေတာကြောင်း သူကိုမကြိုက်တဲ့သူတွေကတော့ သူမက လှည်းစားနေတယ်လို့ဆိုပါတယ်… ဒါ့အပြင် Song Joong Ki က တစ်ဖက်သတ်ကွာရှင်းဖို့ကို စပြီးပြောခဲ့တာကြောင့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးမှာ Song Hye Kyo က အပြစ်ရှိတယ်လို့ ထင်ကြေးတွေပေးနေကြတာလဲ ရှိပါတယ်..

https://s9.kh1.co/__image/w=650,h=372,q=100/06/0675a2a7a3466efd779d8864795c22b535058043.webp
https://s9.kh1.co/__image/w=650,h=813,q=100/62/6215171139382efb7065891226acc0204e958093.jpg

Song Hye Kyo က မိစုံဖစုံမနေခဲ့ရတာကြောင့် အိမ်ထောင်ရေးမှာ အဆင်ပြေအောင် မနေနိုင်ခဲ့ဘူးလို့ ပြောခဲ့ပါသေးတယ်.. ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်က ကွာရှင်းခဲ့တဲ့အကြောင်းအရင်းမှာ Song Hye Kyo ကြောင့်လို့ ဝိုင်းပြောကြပေမယ့် Song Hye Kyo က ဘာမှဖြေရှင်းချက်မပေးခဲ့ပါဘူး.. အင်တာနက် အသုံးပြုသူတွေက Hye Kyo က Song Joong Ki ကို မကောင်းထင်ခံရမှာဆိုးလို့ သူကမဖြေရှင်းဘဲ ကိုယ်စားခံပေးထားတယ်လို့ ပြောဆိုနေကြပါတယ်..

https://s9.kh1.co/__image/w=550,h=1153,q=100/b5/b597aff6790afc1eaa7160feee1b3a19dfe46be4.jpg
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T