ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေဟာဆိုရင် Taeyang ၊ Jennie ၊ Lisa ၊ Park Bo Gum နဲ့ Woody Harrelson တို့ တစ်စုတစ်စည်းတည်း ဓာတ်ပုံတွဲ ရိုက်ခဲ့ကြတဲ့ အပေါ်ကို စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ အဆိုပါ အကြောင်းအရာကို မတ်လ ၁၆ ရက်နေ့တုန်းက အမေရိကန်သရုပ်ဆောင် Woody Harrelson က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

အမေရိကန်သရုပ်ဆောင် Woody Harrelson က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ဆိုးလ်မြို့မှာ နာမည်ကြီး ကမ္ဘာကျော်တွေနဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ Woody Harrelson က နာမည်ကြီးတွေနဲ့ အခုလိုမျိုး အတူရှိခွင့်ရတဲ့အတွက် အရမ်း နွေးထွေးပြီး ကိုရီးယားနိုင်ငံထဲကနေ ထွက်တောင် မသွားချင်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

ဓာတ်ပုံထဲမှာ Woody Harrelson က Park Bo Gum နဲ့ ဘေးချင်းကပ်အတူတူရှိခဲ့တာဖြစ်ပါတယ်။ အနုပညာရှင်တွေ အားလုံးက YG နဲ့ The Black Label က အနုပညာရှင်တွေ ဖြစ်တဲ့အတွက် အားလုံးကို ဆင့်ခေါ်ခဲ့တာကြောင့် အခုလို တစ်စုတစ်စည်းတည်း တွေ့ဆုံခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ ဒါ ပေမယ့် ဘာကြောင့် U.S. House representative ကြီးတစ်ယောက်လုံး ပါလာတာလဲဆိုတာကိုတော့ အခုအချိန်အထိ အဖြေ ထုတ်လို့ မရနိုင်သေးပါဘူး။

Netizen တွေက တော့ အခုလိုမျိုး နာမည်ကျော်တွေ အတူတကွ ရှိနေတာနဲ့ ပတ်သက်ပြီး ထင်ကြေးတွေ မျိုးစုံပေးထားကြပါတယ်။