ပရိသတ်အချစ်တော်လေး BLACKPINK-JISOO ဟာ မတ်လ ၃၁ မှာ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်အဲလ်ဘမ် 'ME' ကို စတင်ထုတ်ဝေမယ်လို့ တရားဝင်ကြေညာထားပြီးဖြစ်ပါတယ်။
မတ်လ ၁၆ ရက်မှာတော့ JISOO ရဲ့ 'ME' သီချင်းမှာပါဝင်တဲ့ အပိုင်းတိုလေးကို ပရိသတ်တွေအတွက် မိတ်ဆက်အနေနဲ့ BLACKPINK's official SNS YouTube Channel မှာ ဖော်ပြပေးခဲ့ပါတယ်။
၂၆ မိနစ်သာရှိတဲ့ Video ဆိုပေမယ့် BLINKS လေးတွေကို စိတ်ကျေနပ်မှုအပြည့်ပေးနိုင်မှာ သေချာပါတယ်။ အဖြူ/အနက်ကွက်ကြားဝတ်စုံနဲ့ အနီရောင်နောက်ခံထားပြီး ပန်းတွေပြည့်နေတဲ့အခန်းထဲက သူမရဲ့ပုံရိပ်ဟာ မြင်သူတိုင်းကို သဘောကျစေပါတယ်။ အရမ်းပြီးပြည့်စုံတဲ့ video လို့ပြောရပါမယ်။ အနီရောင်နှုတ်ခမ်းကလည်း သူမရဲ့အလှကို ပိုပြီးပြည့်စုံစေပါတယ်။

YG Entertainment ကလည်း သူမရဲ့တစ်ကိုယ်တော်ပွဲဦးထွက်သီချင်းအတွက် ရှုထောင့်အမျိုးမျိုးကနေ အကောင်းဆုံးကြိုးစားပြီး ရိုက်ကူးခဲ့ကြောင်း ပြောထားခဲ့ပါတယ်။ သူမရဲ့ တစ်ကိုယ်တော် Album အတွက် အခြားအဖွဲ့ဝင်တွေထက် အများဆုံးငွေကြေးအသုံးပြုပြီး ထုတ်လုပ်ထားကြောင်းလည်း ပြောခဲ့ပါတယ်။






 Bong I.T
 Bong I.T