မြန်မာနိုင်ငံ ရဲ့ အနုပညာရှင် တွေအားလုံးရဲ့ ရည်မှန်းချက် အိမ်မက်ဖြစ်တဲ့ အကယ်ဒမီ ဆုကြီး (၃)ဆုတိုင်တိုင် ရရှိထားသူ ၊ ချစ်စရာကောင်းတဲ့မျက်နှာ နဲ့ ကလေးလို သွက်သွက်လက်လက် ၊ လွတ်လွတ်လပ်လပ် နေထိုင်တတ်သူလေးအဖြစ် သတ်မှတ်ခံထားရသူ ၊ ပရိသတ်တွေရဲ့ ရင်ထဲကထာဝရကြယ်ပွင့်လေးကတော့ အားလုံးချစ်ကြတဲ့ အကယ်ဒမီမင်းသမီးချော ဖွေးဖွေး ဖြစ်ပါတယ်။


အကယ်ဒမီ မင်းသမီးချော ဖွေးဖွေး ဟာ အကယ်ဒမီဆု (၃) ဆုအထိ ရရှိနိုင်လောက်အောင် အနုပညာနဲ့ပတ်သက်ရင် တကယ်ကို ထူးချွန်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပြီး သူမရဲ့ ထူးချွန်တဲ့အနုပညာကြောင့် ပရိသတ်တွေရဲ့ အချစ်ခံရဆုံးအနုပညာရှင်အဖြစ် အချိန်အတော်အတန်ကြာအောင် ရပ်တည်နေနိုင်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။


အားလုံးကချစ်ရတဲ့ မင်းသမီးချော ဖွေးဖွေး ဟာ အတော်အတန်ကြာအောင်အနုပညာလှုပ်ရှားမှုတွေကိုရပ်နားထားခဲ့ပေမယ့် အခုအခါမှာတော့ ပရိသတ်နဲ့ အနည်းငယ် ပြန်လည်ထိတွေ့တဲ့အနေနဲ့ အနုပညာလှုပ်ရှားမှုတွေပြန်လည်လုပ်ဆောင်နေခဲ့ပြီဖြစ်ပါတယ်။ သူမရဲ့ ပုံစံအစစ်ကိုဖော်ပြလာတဲ့ အလှပုံရိပ်တွေကို သူမ ရဲ့ Facebook Page မှာတင်လာခဲ့ပြီး အဆိုပါအလှပုံရိပ်တွေကို ပရိသတ်ကြီး ကြည့်ရှုခံစားနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။






