ချစ်သူကောင်မလေးကြောင့် ဘဝပျက်တော့မလို ဖြစ်ခဲ့ဖူးတဲ့ မင်းသား လီဒိုဟွန်း

//s9.kh1.co/e1/e12edcabf9db0a1a3cf2219c156b1f399950e553.jpg
အနုပညာရှင်များ

 ၁၆-မတ်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

ကောင်လေး သနားပါတယ် ..

တောင်ကိုရီးယားမင်းသား လီဒိုဟွန်းဟာဆိုရင် မကြာသေးမီက The Glory ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးခြင်းကို များစွာ ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ လီဒိုဟွန်းက ဆောင်းဟေကိုနဲ့ အသက် ၁၉ နှစ်တိတိ ကွာတဲ့သူဆိုပေမယ့် အသက်အရမ်း ကွာလို့ ကွာမှန်းမသိအောင် သရုပ်ဆောင်နိုင်ခဲ့တာလည်း သူ့ရဲ့ အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။

Google
Google

မင်းသား လီဒိုဟွန်းက ဆင်းရဲတဲ့မိသားစုကနေ ဆင်းသက်လာတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ညီလေးကလည်း စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေပြီး မသန်စွမ်းဖြစ်နေတဲ့သူပါတယ်။ လီဒိုဟွန်းက မပြေလည်တဲ့ သူ့ရဲ့မိသားစုကို အကောင်းဆုံး ထောက်ပံ့ပေးနေတဲ့သူလည်းဖြစ်ပါတယ်။ လီဒိုဟွန်းက တောင်ကိုရီးယားရဲ့ ထိပ်တန်းနာမည်ကြီး တက္ကသိုလ် ၁၀ ခုထဲမှာ ပါတဲ့ Chung Ang တက္ကသိုလ်မှာ ပညာသင်ခဲ့တဲ့သူဖြစ်ပါတယ်။ ပညာရေးမှာ ထူးချွန် ပိုင်နိုင်လွန်းတဲ့ လီဒိုဟွန်းက ၂၀၁၇ ခုနှစ်မှာ Prison Playbook လို့ ခေါ်တဲ့ ဒရမ်မာနဲ့ ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။

Google
Google

မင်းသား လီဒိုဟွန်းက Clean With Passion For Now ၊ Hotel del Luna ၊ 18 Again ၊ Sweet Home ၊ Youth of May နဲ့ Melancholia စတဲ့ ဇာတ်လမ်းတွဲတွေ များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေ များစွာကို တခဲနက် ရရှိခဲ့ပါတယ်။ မင်းသား လီဒိုဟွန်းက ၂၀၂၀ ခုနှစ်တုန်းက ချစ်သူရည်းစားထားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာ တက်ခဲ့ဖူးပါတယ်။ အကြောင်းက လီဒိုဟွန်းက သူ့ရဲ့ ကောင်မလေး ဓာတ်ပုံကို အင်စတာဂရမ် စာမျက်နှာပေါ်မှာ ဝေမျှပေးရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

Google
Google
Google
Google

မင်းသား လီဒိုဟွန်းက ဝက်ပုံစံခေါင်းစွပ်လေးနဲ့ ကောင်မလေးတစ်ယောက်ဓာတ်ပုံကို တင်ခဲ့ပြီး အဆိုပါ မိန်းကလေးက သူ့ရဲ့ချစ်သူဆိုတာကို ထုတ်ဖော်ခဲ့ပါတယ်။ ဖြစ်ချင်တော့ ကောင်မလေး ဆောင်းထားတဲ့ ခေါင်းစွပ်လေးက ပရိသတ်တွေ လီဒိုဟွန်းကို အမှတ်တရပေးထားတဲ့ လက်ဆောင်လေး ဖြစ်နေပါတယ်။ ဒါ ကြောင့် ဒေါသထွက်ပြီး လီဒိုဟွန်းက ပရိသတ်တွေ ပေးတဲ့ လက်ဆောင်ကို တန်ဖိုးမထားဘူးဆိုပြီး ဝိုင်းဝန်း ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ သိပ်မကြာခင်မှာပဲ အေဂျင်စီဘက်ကနေ လီဒိုဟွန်း တင်ထားခဲ့တဲ့ ဓာတ်ပုံက လွန်ခဲ့တဲ့ ၃ နှစ်က ဓာတ်ပုံဖြစ်ပြီး ဦးထုပ်ကလည်း ပရိသတ်တွေ ပေးထားတဲ့  ဦးထုပ် မဟုတ်ကြောင်း ဖြေရှင်းချက် ထုတ်ပြန်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ မင်းသား လီဒိုဟွန်း တစ်ယောက် သူ့ချစ်သူ ကောင်မလေးနဲ့ လမ်းခွဲခဲ့တယ်လို့ ကြားသိရပါတယ်။

Google
Google

လက်ရှိမှာတော့ မင်းသား လီဒိုဟွန်းက တွဲနေတဲ့သူမရှိဘဲ ဘဝကြီးကို တစ်ယောက်တည်း ပေါ့ပေါ့ပါးပါး ပျော်ရွှင်စွာ နေထိုင်လျက်ရှိပါတယ်။

Google
Google

ရည်းစားကိစ္စကြောင့် နာမည်ပျက်ကာနီးအထိ ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား လီဒိုဟွန်းရဲ့ အကြောင်းကို ပရိသတ်ကြီ အတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T