မတူညီတဲ့ ဘဝအသီးသီးကိုဖြတ်သန်းနေကြတဲ့ "ဆောင်းဦးရွက်ကြွေချစ်သက်သေ" သရုပ်ဆောင်များ…

//s9.kh1.co/87/872e3f96bcb4b5a4204573c0eec35f25d0dceb91.jpg
အနုပညာရှင်များ

 ၁၅-မတ်-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

မတူညီတဲ့ ဘဝအသီးသီးကိုဖြတ်သန်းနေကြရတဲ့ "ဆောင်းဦးရွက်ကြွေချစ်သက်သေ" ကသရုပ်ဆောင်တွေ…

 မြန်မာပြည်ကဒရမ်မာချစ်သူတွေကြား မသိသူမရှိတဲ့ ဒရမ်မာဆိုရင် ဆောင်ဦးရွက်ကြွေ ချစ်သက်သေ ဖြစ်မှာပါ။ အဲ့ဒီဇတ်လမ်းတွဲကိုစတင် ရိုက်ကူးချိန်တုန်းက ဇာတ်ဆောင်မင်းသမီး အွန်စော (ဆောင်းဟေကို) က အသက် 19 နှစ်၊ ဂျွန်စော (ဆောင်းဆန်ဟွန်း) က 24 နှစ် နဲ့ ထယ်စောက် (Won Bin) က 23 နှစ်သာရှိကြပါ‌သေးတယ်။

https://s9.kh1.co/__image/w=650,h=992,q=100/eb/ebd5dcb6a274aa87fd5c7005dac7f78f3333c56b.jpg

ဇာတ်လမ်းတွဲကနေ နာမည်ကြီးလာခဲ့တဲ့ သူတို့သုံးဦးထဲက အွန်စောနဲ့ ဂျွန်စော တို့ကတော့ အနုပညာလုပ်ငန်းတွေ ဆက်တိုက်လုပ်နေခဲ့ပေမယ့် ထယ်စောက်ကတော့ ဇာတ်လမ်းမရိုက်တာ ကြာလှပါပြီ။

https://s9.kh1.co/__image/w=650,h=813,q=100/6f/6f01d7aa6da8f8aa85fc5259e019a642501064db.png

မင်းသမီး Lee Na Young နဲ့ 2015 မှ လက်ထပ်ခဲ့ပြီး ကလေးတစ်ယောက်ရရှိခဲ့တဲ့ ထယ်စောက်ကို နာမည်ကြီး ဒါရိုက်တာတွေသာမက အွန်စောနဲ့ ဂျွန်စောတို့ကပါ အတူရိုက်ဖို့ဖိတ်ခေါ်ပေမယ့် သူကတော့မိသားစုနဲ့ပဲပျော်နေပြီး အနုပညာလောကထဲကထွက်သွားတာ 12 နှစ်ရှိပါပြီ။

https://s9.kh1.co/__image/w=640,h=1166,q=100/e4/e443fae91b10999af85c5032b5fc8e70dd6951a3.png

ဂျွန်စောကတော့ အခုထိမစွံသေးတဲ့ လူပျိုကြီးဖြစ်ပြီး တရုတ်မင်းသမီးလေး Lui Yifei နဲ့ပြတ်သွားပြီးတည်းက နောက်ထပ်ဒိတ်လုပ်တယ်ဆိုတဲ့ သတင်းမကြားရ‌တော့ပါဘူး။ Voice thriller kdrama season 4 (2021) မှာ နောက်ဆုံးပါဝင်သရုပ်‌ဆောင်ခဲ့ပြီး ပရိသတ်တွေနဲ့ ထိတွေ့နေခဲ့ပါတယ်။ လောလောဆယ် တော့နောက်ထပ် ဇာတ်လမ်း ရိုက်ကူးမယ့် သတင်းမကြားရသေးပါဘူး။သူတို့သုံးဦးထဲမှာ အွန်စောကတော့ အအောင်မြင်ဆုံးလို့ပြောရမှာဖြစ်ပြီး ၄၀ ကျော်သုံးဦးထဲမှာ အနုပျိုဆုံးဖြစ်လို့နေပါတယ်။

https://s9.kh1.co/__image/w=650,h=492,q=100/69/696eb171d65923cdbb9038fdd1b65cde1e82910c.png

2016 က ဒရမ်မာအတူရိုက်ခဲ့တဲ့မင်းသား ဆောင်းဂျွန်ကီနဲ့ လက်ထပ်ခဲ့ပေမယ့်လည်း ကွာရှင်းခဲ့ကာ တစ်ကိုယ်တည်း ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလျက်ရှိပါတယ်။ ဒီနှစ်ထဲပွဲတွေအများကြီးတက်ပြီး လူရှေ့အများကြီးရောက်ခဲ့ကာ The Glory ဆိုတဲ့ ဒရမ်မာကိုလည်း လက်ရှိမှာ  လူကြိုက်လျက်ရှိပါတယ်။အဲ့ဒီကားရိုက်တုန်းက ငယ်ရွယ်သေးတဲ့ သူတို့သုံးဦးဟာ အခုတော့ လေးဆယ်ကျော်အရွယ်တွေရောက်နေကြပေမယ့် ပရိသတ်တွေကတော့ သူတို့ကိုသတိရနေဆဲဖြစ်ကာ အခုထိအားပေးနေကြဆဲဖြစ်ပါတယ်။ 

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T