ကမ္ဘာကျော်အဆိုတော် Lil Nas X ဟာ ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်မှုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။Lil Nas X ဟာ မကြာသေးခင်က လိင်ပြောင်းအမျိုးသမီးပုံကို တင်ခဲ့တဲ့ ကိစ္စနဲ့ ပက်သက်ပြီး ဝေခံနေရတာပဲ ဖြစ်ပါတယ်။

Lil Nax X ဟာ ယမန်နေ့က Twitter မှာ လိင်ပြောင်းအမျိုးသမီး ဓာတ်ပုံကို `` ခွဲစိတ်မှုအောင်မြင်ပါတယ် " ဆိုတဲ့ ခေါင်းစဥ်နဲ့အတူ တင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း တွေ့မြင်ခဲ့ကြပါတယ်။

အထူးသဖြင့် ဒီပို့စ်ကိုတွေ့တဲ့ လိင်ပြောင်းထားသူတွေဟာ သူတို့လိုလူမျိုးတွေကို လှောင်ပြောင်တယ်လို့ ခံစားခဲ့ရတာကြောင့် အခုလို Lil Nas X ကို အပြစ်တင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့ကြောင့် Lil Nas X က `` ဒီအကြောင်းကို ငါစိတ်ဆိုးမယ့်အစား သေချာတွေးကြည့်ခဲ့ပါတယ် လိင်ပြောင်းထားတဲ့သူတွေမှန်သမျှကို ချစ်ပါတယ်၊ပြီးတော့ တောင်းပန်ပါတယ် " လို့ ပရိသတ်တွေကို တောင်းပန်ခဲ့ပြီး Post ကို ဖျက်ပစ်ခဲ့ပါတယ်။

Photos :Credit





