လိမ်လည်မှုတစ်ခုကြောင့် အနုပညာလောကထဲက ပျောက်ကွယ်ခဲ့ရတဲ့ ဆည်းဆာရင်ခုန်သံမင်းသား ဟန်ဂျေးဆွတ်

//s9.kh1.co/70/70babfee5301bd84d0bf93aad7c2f2fc00b60e78.jpg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၃ ၃pm · လွန်ခဲ့သော တစ်နှစ် က

ကြိုက်ခဲ့ဖူးတဲ့မင်းသားကြီးပဲ ..

ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းတွဲမှာ ကင်ဝူဂျင်းအဖြစ် ပါဝင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား ဟန်ဂျေးဆွတ် ဟာဆိုရင် ချမ်းသာတဲ့ မျိုးရိုးကနေ ဆင်းသက်လာပြီး ကုမ္ပဏီပိုင်ရှင် သူဌေးကြီးရဲ့ သားလည်း ဖြစ်ပါတယ်။ ဟန်ဂျေးဆွတ်   ဟာဆိုရင် ၁၉၉၉ နဲ့ ၂၀၀၀ ပြည့်နှစ်တွေမှာ တောင်ကိုရီးယား ရဲ့ နတ်ဘုရားတစ်ပါးလို့ တင်စားရလောက်တဲ့အထိ အောင်မြင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကိုလည်း ရရှိခဲ့တဲ့သူပါ။ ဟန်ဂျေးဆွတ်  က သူ့ကိုယ်သူ သူဌေးသားဆိုတာကို ဖုံးကွယ်ခဲ့ပြီး ချမ်းသာလို့ ချမ်းသာမှန်း မသိအောင် နောက်ကြောင်းရာဇဝင်အထိပါ ဖုံးကွယ်ထားတဲ့သူဖြစ်ပါတယ်။ 

Google
Google

ဟန်ဂျေးဆွတ်    ပြောခဲ့ဖူးတဲ့စကားရှိပါတယ်။ သူက မိန်းမတွေကိုကြောက်တယ် .. အထူးသဖြင့် ငွေကြေးကို မတ်မောပြီး ချည်းကပ်ဖို့ကြိုးစားလာတဲ့ မိန်းမတွေကို ပိုပြီးကြောက်တယ်လို့ ဆိုခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ မင်းသား ဟန်ဂျေးဆွတ်     က မင်းသမီး ပတ်ဆိုမီ နဲ့  ချစ်ကြိုက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ အစပိုင်းမှာ ပရိသတ်တွေက မင်းသား  ဟန်ဂျေးဆွတ်     ကို မင်းသမီး ပတ်ဆိုမီ နဲ့ မလိုက်ဖက်ဘူး မကြိုက်သင့်ဘူးလို့ ဝိုင်းပြောကြပေမယ့်လည်း နောက်ပိုင်းမှာတော့ ဝေဖန်ချက်တွေ လျော့သွားခဲ့ပါတယ်။ မင်းသား ဟန်ဂျေးဆွတ်     က မင်းသမီး ပတ်ဆိုမီ  နဲ့ လက်ထပ်ပြီးနောက်မှာ ကလေးနှစ်ယောက် ရရှိခဲ့ပါတယ်။

Google
Google

ဟန်ဂျေးဆွတ်  ဆီ မှာ နာကြည်းဖို့ကောင်းတဲ့ အတိတ်တစ်ခုလည်းရှိနေပါတယ်။ အဆိုပါ အတိတ်ကတော့ သူက ထိတ်ထိတ်ကြဲအောင်မြင်နေတဲ့အချိန်မှာ စစ်မှု ထမ်းဆောင်ဖို့ လိမ်ညာခဲ့တာပဲ ဖြစ်ပါတယ်။ အလိမ်ပေါ်ပြီးနောက်မှာ ဟန်ဂျေးဆွတ်  တစ်ယောက် ချက်ချင်းဆိုသလို စစ်မှု ထမ်းဆောင်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ မေတ္တာကို မရရှိခဲ့ပါဘူး။

Google
Google

အဆိုပါအချက်ကြောင့် ဟန်ဂျေးဆွတ်  ကို တောင်ကိုရီးယား တစ်နိုင်ငံလုံးက ပရိသတ်တွေ အားလုံးက မုန်းတီးခဲ့ကြပြီး နာမည်လည်း ကျဆင်းခဲ့ရပါတယ်။

Google
Google

ဉစ္စာပေါရုပ်ချောပြီး သရုပ်ဆောင်လည်း ကောင်းတဲ့ တောင်ကိုရီးယားမင်းသား ဟန်ဂျေးဆွတ်  တစ်ယောက် အနုပညာအလုပ်တွေ တဖြည်းဖြည်း ပါးသွားခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းကိုပါ မခံခဲ့ရတဲ့ နောက်ကွယ်က အကြောင်းအရင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T