ကိုရီးယားသရုပ်ဆောင် လီမင်ဟို တစ်ယောက်ကတော့ သူရဲ့ယောက်ျားပီသတဲ့ရုပ်ရည်၊ အရပ်အမောင်းတွေကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ ဆိုရလောက်အောင်နာမည်ကြီးတဲ့သူ ဖြစ်ပါတယ်.. မြန်မာနိုင်ငံမှာတော့ F4 မင်းသား ဂူဂျွန်ဖြိုးလို့ လူသိများကြသလို အဆိုပါ ဇာတ်ကားနဲ့ သူ့ကို ကမ္ဘာကသိလာကြတယ်ဆိုရင်လည်း မမှားပါဘူး..



Boys over flowers လို့ အမည်ရတဲ့ အဲဒီဇာတ်ကားလေးနဲ့ သူဟာ အကောင်းဆုံး မျက်နှာသစ်ဇာတ်ဆောင်ဆုကိုရခဲ့သလို Lee Min-ho ဆိုတဲ့ နာမည်ကလည်း ကိုရီးယားရဲ့ နာမည်ကျော်မင်းသားတစ်ယောက် ဖြစ်လာစေပါတယ်.. အသက် (၃၅) နှစ်ရှိပြီဖြစ်တဲ့ Lee Min Ho က အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုလှပလွန်းသူလဲ ဖြစ်ပါတယ်.. လက်ရှိမှာတော့ Single ဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားပြီး လူပျိုကြီးတစ်ကိုယ်တည်း လုပ်နေတာပါ..

မကြာသေးမီကတော့ Lee Min Ho က ROMA biscuit CF အတွက် ထိုင်းမင်းသမီး Kanokkarn Chulthong နဲ့ ရိုက်ကူးရေးလုပ်နေတာပါ.. နှစ်ယောက်တွဲပုံလေးတွေကို မင်းသမီးက သူ့ရဲ့ Instagram မှာ မျှဝေထားတာလဲ ဖြစ်ပါတယ်.. ပုံထဲမှာ Lee Min Ho ရဲ့ ပခုံးလေးကို မှီပြီး ပြုံးဖြီးနေတာပဲ ဖြစ်ပါတယ်.. ချစ်ဖို့ကောင်းတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..





သတင်း အရင်းအမြစ်៖ Lee Min Ho Myanmar Fan