တောင်ကိုရီးယားနာမည်ကျော် မင်းသမီးကြီး Song Hye Kyo ဟာ မကြာသေးခင်က သူမရဲ့ Instagram Story မှာ Post တင်ခဲ့ပါတယ်။သူမဟာ သူမရဲ့အိမ်မွေးခွေးလေးနဲ့အတူ တွဲရိုက်ကာ တင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ သဘောကျခြင်းကို ခံခဲ့ရပါတယ်။

Song Hye Kyo ဟာ သူမရဲ့ ခွေးလေး Ruby ကို နမ်းနေတဲ့ ဓာတ်ပုံကို ထုတ်ဖော်ပြသခဲ့ပြီး လက်ရှိ အခြေအနေကို ပြောပြခဲ့ပါတယ်။ဓာတ်ပုံထဲမှာ Song Hye Kyo ဟာ လဲလျောင်းရင်း Ruby နဲ့ နမ်းကာ skinship လုပ်ခဲ့တာဖြစ်ပါတယ်။ Song Hye Kyo ဟာ Ruby နဲ့အတူ ပျော်ရွှင်နေပုံရတာလည်း ဖြစ်ပါတယ်။

သူမပါဝင်သရုပ်ဆောင်ထားတဲ့ “The Glory” နဲ့ ပတ်သက်တဲ့ မကြာသေးမီက အင်တာဗျူးတစ်ခုမှာလည်း “မင်းပြုံးနေနိုင်တာက ဘာ့ကြောင့်ပါလဲ” လို့ မေးတဲ့အခါ Song Hye Kyo က “ ငါ့ခွေးလေး Ruby ကြောင့်ပါ။ Ruby ကိုကျေးဇူးတင်ပါတယ်၊သူ့ကြောင့် နေ့တိုင်းပျော်ရတယ် " လို့ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံထဲမှာ Song Hye Kyo ရဲ့ ခွေးလေးကို ချစ်တဲ့စိတ်ကိုလည်း ခံစားခဲ့ရပြီး ပရိသတ်တစ်ချို့ကလည်း အချစ်ကို စိတ်ကုန်ပြီး တိရိစ္ဆာန်လေးတွေနဲ့ အချိန်ကုန်တော့မှာလားလို့ မေးမြန်းမှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

Photos : Credit