ဆုလက်ခံအပြီးမှာ အမျိုးသမီးတွေအတွက် အားပေးစကားပြောကြားခဲ့တဲ့ မင်းသမီးကြီး မီရှယ်လ်ယို

//s9.kh1.co/70/70d8b7a2a513a1172cb5df2f1c982993cfef64b5.jpg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

(၉၅) ကြိမ်မြောက်အော်စကာဆုပေးပွဲကြီးမှာ ဆုရရှိပြီးနောက် မီရှဲလ်ယိုဟာ....

မနေ့က  (၉၅) ကြိမ်မြောက် အော်စကာဆုပေးပွဲကြီးကို  အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့ မှာ ခမ်းနားစွာကျင်းပခဲ့ပြီး ကမ္ဘာကျော်အနုပညာရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ထိုဆုပေးပွဲကြီးမှာ သက်ဆိုင်ရာ ဆုရရှိတဲ့သူတွေကို ဆုချီးမြှင့်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/74/748a436572b69a200d2c8a8dc8c3ffe013dc4c21.jpg

ဆုပေးပွဲမှာ မလေးရှားနိုင်ငံသူဖြစ်တဲ့ မီရှဲလ်ယိုဟာ သူမဘဝရဲ့ ပထမဆုံး အော်စကာဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး သမိုင်းမှာ ထိုဆုကိုရရှိတဲ့ ပထမဆုံးအာရှအမျိုးသမီးသရုပ်ဆောင်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။သူမဟာ ဆုပေါင်းများစွာလည်း သိမ်းပိုက်ထားနိုင်ခဲ့ပြီး အာရှပရိသတ်တွေ ဂုဏ်ယူရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/b1/b14e61d0b71a21839ddc7b954d9bbc6536614173.jpg

သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ Everything Everytime All at Once ဇာတ်လမ်းဟာ အော်စကာဆုပေါင်း (၇) ခုအထိ ရရှိခဲ့သလို သူမဟာလည်း ထိုဇာတ်ကားနဲ့ ပရိသတ်တွေအံ့ဩစေမယ့် ရလဒ်မျိုးကို ပြသထားနိုင်ခဲ့တာ ဖြစ်ပြီး ဆုလက်ခံပြီးချိန်မှာလည်း  ကျေးဇူးတင်စကား ပြောကြားခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/89/8960cff4cdcc3cb9d48e335ec3ae68ee9949a376.jpg

မီရှယ်လ်ယိုက “ကျွန်မ ဒီဆု ရတာဟာ အိပ်မက်တွေကို ကြီးကြီးမက်လည်း အိပ်မက်တွေ တကယ်လက်တွေ့ဖြစ်လာနိုင်တယ်ဆိုတဲ့ သက်သေတစ်ခုပါပဲ။ ပြီးတော့ ဘယ်သူကမှ မင်းကို အရွယ်ကောင်းကိုကျော်သွားပြီ၊ အသက်တွေကြီးလွန်းနေပြီ၊ နောက်ကျနေပြီလို့ ပြောတာ မခံကြပါနဲ့ အမျိုးသမီးတို့ရေ”ဆိုပြီး သူမပရိသတ်တွေကိုပါ အားပေးခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=465,h=279,q=100/69/69551758b1661f8115e9969d20ca5fe39faefc4e.jpg
https://s9.kh1.co/__image/w=650,h=366,q=100/45/45d6f76c3558cc26f73aa55f48b9a15417dfaa16.jpg

Photos: Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T