မကြာသေးခင်က တောင်ကိုရီးယားနာမည်ကြီးတွေဖြစ်ကြတဲ့ Goo Hye Sun နဲ့ Hyun Bin တို့ရဲ့ လွန်ခဲ့တဲ့ (၁၆) နှစ်က ပုံတွေဟာ ပရိသတ်တွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ထိုဓာတ်ပုံကိုကြည့်ပြီး ပရိသတ်တွေကလည်း အနုပညာမောင်နှမနှစ်ယောက်ရဲ့ ငယ်ရွယ်မှုကို တွေ့ခဲ့ရပါတယ်။

Hyun Bin နဲ့ Goo Hye Sun ဟာ (၂၀၀၇) ခုနှစ်တုန်းက Goo Hye Sun နဲ့ ကြော်ငြာရိုက်ကူးခဲ့ပြီး သူတို့နှစ်ယောက်ဟာ ထိုအချိန်က လူသစ်တွေသာ ဖြစ်ကြသေးပြီး လိုက်ဖက်တဲ့ ကြယ်ပွင့်တွေ ဖြစ်ခဲ့ကြပါတယ်။

စိတ်ဝင်စားစရာကောင်းတာက သူတို့နှစ်ယောက်စလုံးဟာ သူတို့ရဲ့ ပါးချိုင့်အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အာရုံကိုဖမ်းစားထားခဲ့ကြပါတယ်။ မမျှော်လင့်ထားတဲ့ အံ့သြစရာကောင်းတဲ့ သူတို့နှစ်ယောက်ရဲ့ ပူးပေါင်းမှုကိုလည်း အင်တာနက်အသုံးပြုသူတွေက အံ့သြနေခဲ့ကြပါတယ်။

(၁၆) နှစ်ကြာပြီးနောက် Hyun Bin ဟာ Son Ye Jin နဲ့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို ထူထောင်နိုင်ခဲ့ပြီး သူ့တို့နှစ်ယောက်ရဲ့သားဦးလေးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပိုင်ဆိုင်ခဲ့ပါတယ်။ Goo Hye Son ကတော့ အိမ်ထောင်သက် (၄) နှစ်အကြာ 2020 မှာ ခင်ပွန်းဖြစ်သူ Ahn Jae Hyun နဲ့ ကွာရှင်းခဲ့ပြီး သူမရဲ့ အချစ်ရေးဘဝဟာ အနည်းငယ် ကြမ်းတမ်းခဲ့ပါတယ်။


Photos: Credit